မြန်မာ - အိန္ဒိယလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု စတုတ္ထအကြိမ် ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေးကျင်းပ

         မြန်မာ - အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု စတုတ္ထအကြိမ် ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေး (The 4th Meeting of the Joint Steering Committee (JSC) on Myanmar-India Cooperation in Power Sector) ကို စက်တင်ဘာလ ၁၇ ရက်တွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အိန္ဒိယနိုင်ငံ Ministry of Power မှ Secretary (Power) ဖြစ်သူ H.E. Mr. Shri Alok Kumar တို့က ပူးတွဲသဘာပတိများအဖြစ်ဆောင်ရွက်ကြပြီး အဖွင့်အမှာစကားများပြောကြားခဲ့ပါသည်။

       နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍမြှင့်တင်နိုင်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန် ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရေးနှင့် နိုင်ငံတော်၏ လျှပ်စစ်စွမ်းအားဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ စွမ်းရည်မြှင့်တင်နိုင်ရေးတို့ကို ရှေးရှုလျက် အစည်းအဝေးတွင်-

  • နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းများတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (Sustainable Development Goals) ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး။
  • ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်စီမံကိန်းများ ဆောင်ရွက်ရေး။
  • လျှပ်စစ်စွမ်းအင် (Energy Efficiency) မြှင့်တင်အသုံးချနိုင်ရေး၊ ကျေးလက်ဒေသသုံး အသေးစားလျှပ်စစ်ဓာတ်အားစနစ်များ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး။
  • စွမ်းဆောင်ရည် တည်ဆောက်မြှင့်တင်မှုသင်တန်းများဆိုင်ရာ အစီအမံများနှင့် လုပ်ငန်းစဉ်များကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့။

        အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Shri Vinay Kumar နှင့် သံရုံးတာဝန်ရှိပုဂ္ဂိုလ်များ၊ အိန္ဒိယနိုင်ငံ Ministry of Power ၊ Central Electricity Authority နှင့် Ministry of External Affairs တို့မှ တာဝန်ရှိသူများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ အဆင့်မြင့် ရာရှိများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၉-၂၀၂၂)

  • အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်စီမံကိန်းများ ဆောင်ရွက်ရေး၊ ကျေးလက်ဒေသသုံး အသေးစားလျှပ်စစ်ဓာတ်အားစနစ်များ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ စွမ်းဆောင်ရည်တည်ဆောက်မြှင့်တင်မှုသင်တန်းများဆိုင်ရာအစီအမံများနှင့် လုပ်ငန်းစဉ် မားကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့။

Add new comment