တောင်ကိုရီးယား-မြန်မာစက်မှုဇုန် (KMIC) စီမံကိန်းအပိုင်း(၁)ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်မည်

          ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တောင်ကိုရီးယား-မြန်မာစက်မှုဇုန် (KMIC) စီမံကိန်းအပိုင်း(၁)ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ရာ-

  • စီမံကိန်းအား စုစုပေါင်းမြေဧရိယာ ၅၅၅ ဒသမ ၈၁ ဧက၌ အပိုင်းနှစ်ပိုင်းခွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်။

  • ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၄၀ ရာခိုင်နှုန်း၊ တောင်ကိုရီးယားအစိုးရပိုင် Korea Land and Housing Corporation (LH) မှ ၄၀ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယားကုမ္ပဏီ Korea Global Sae-A မှ ၂၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်။

  • KMIC စီမံကိန်းအပိုင်း(၁) တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၄၅ သန်းခန့် အကုန်အကျခံကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး KMIC စီမံကိန်းတစ်ခုလုံးအတွက် စုစုပေါင်းအမေရိကန်ဒေါ်လာသန်း ၁၂၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်။

  • KMIC စီမံကိန်းတွင် စက်မှုဇုန်ဧရိယာအပြင် လူနေအိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းဧရိယာများလည်း ပါဝင်မည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တစ်ခုအဖြစ် ဖော်ဆောင်မည်ဖြစ်ပါသည်။

           ထိုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက အလုပ်သမားဦးရေ ၅ သောင်းမှ ၁ သိန်းခန့်အထိ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၉-၂၀၂၂)

  • ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တောင်ကိုရီးယား-မြန်မာစက်မှုဇုန် (KMIC) စီမံကိန်းအပိုင်း (၁) ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်မည်ဖြစ်။

  • KMIC စီမံကိန်းအပိုင်း(၁) တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၄၅ သန်းခန့် အကုန်အကျခံကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး KMIC စီမံကိန်းတစ်ခုလုံးအတွက် စုစုပေါင်းအမေရိကန်ဒေါ်လာသန်း ၁၂၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်။

  • KMIC စီမံကိန်းတွင် စက်မှုဇုန်ဧရိယာအပြင် လူနေအိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းဧရိယာများလည်းပါဝင်မည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီစက်မှုဇုန်တစ်ခုအဖြစ် ဖော်ဆောင်မည်ဖြစ်ပြီး ထိုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက အလုပ်သမားဦးရေ ၅ သောင်းမှ ၁ သိန်းခန့်အထိ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်။

Add new comment