အကြမ်းဖက်အဖွဲ့ NUG ၏ လားရာ

         NUG အဖွဲ့ဆိုတာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက တည်ဆဲဥပဒေများအရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ NUG အဖွဲ့ကို ဘာဖြစ်လို့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ရလဲဆိုရင် သူတို့ရဲ့လုပ်ရပ်တွေက သူတို့ချမှတ်ထားတဲ့ အကြမ်းဖက်လမ်းစဉ်အရ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေလို့ ဖြစ်ပါတယ်။ အဖြေကရှင်းရှင်းလေးပါပဲ။

“ငါနဲ့မတူ ငါ့ရန်သူ” အယူအဆနဲ့ NUG အဖွဲ့က Hit List အဖြစ် သတ်မှတ်ပေးထားတဲ့ လက်နက်မဲ့ အပြစ်မဲ့ပြည်သူတွေကို PDF အမည်ခံ လက်မရွံ့လူသတ်သမားတွေက တချို့မြို့ရွာတွေမှာ လုပ်ကြံသတ်ဖြတ်မှုတွေလုပ်နေကြတာ မြင်တွေ့ကြားသိကြမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက ပြည်သူလူထုကို အကြောက်တရားနဲ့ ထိန်းချုပ်ပြီး သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်နည်းလမ်း၊ လက်နက်ကိုင်လမ်းစဉ်နဲ့ ရအောင်လုပ်နေတဲ့ NUG အဖွဲ့ရဲ့ အစီအစဉ်ကြောင့် ဖြစ်ပါတယ်။

လတ်တလောနိုင်ငံရေးအခြေအနေတွေ ဖြစ်ပေါ်ရတဲ့ အခြေခံအကြောင်းတရားက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲလိမ်မဲခိုးမှုကြောင့် ဖြစ်ပါတယ်။ မဲလိမ်မဲခိုးတဲ့ NLD ပါတီဟာ သူတို့ရဲ့ မဲမသမာမှုတွေကို ဥပဒေအရ ရင်ဆိုင်ဖြေရှင်းခြင်းမပြုလုပ်ဘဲ အစွန်းရောက် NLD ပါတီဝင်တွေ၊ NLD ထောက်ခံသူတွေနဲ့ NUG အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် နောက်ကွယ်က ကြိုးကိုင်သူတွေရဲ့ အစီအမံအရ နွေဦးတော်လှန်ရေးခေါင်းစဉ်တပ်ပြီး အလုံးစုံပျက်သုဉ်းရေးမူဝါဒကို ဖော်ဆောင်နေခြင်း ဖြစ်ပါတယ်။

NUG အဖွဲ့ရဲ့ အလုံးစုံပျက်သုဉ်းရေးမူအရ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ဆန်းစစ်ကြည့်လိုက်ရင်-

  • နိုင်ငံရေးနားမလည်တဲ့ လူငယ်တွေကို အသုံးချပြီး လက်နက်ကိုင်လမ်းစဉ် ဖော်ဆောင်ဖို့ လူငယ်လူရွယ်တွေကို တောထဲပို့ပြီး PDF ဖွဲ့စည်းတည်ထောင်ခြင်း၊
  • သူတို့ကို မထောက်ခံတဲ့ အရပ်သားပြည်သူတွေကို ဒလန်ခေါင်းစဉ်တပ်ပြီး နေ့စဉ်လုပ်ကြံသတ်ဖြတ်ခြင်း၊
  • သူတို့ကို မထောက်ခံတဲ့ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊
  • Social Punishment လို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံ့ဝန်ထမ်းတွေကို ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊
  • နိုင်ငံရဲ့ အနာဂတ်ပျက်စီးအောင် ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးဖို့အတွက် စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီးခြင်း၊ ဆရာ/ဆရာမတွေကို ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊
  • စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ကျန်းမာရေးကဏ္ဍကို အကြမ်းဖက်တိုက်ခိုက်တဲ့ ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းများကို တိုက်ခိုက်ခြင်း၊ လူနာတင်ယာဉ်များကို ဗုံးခွဲတိုက်ခိုက်ခြင်း၊
  • အချို့ EAOs တွေနဲ့ ပူးပေါင်းပြီး တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပျက်ပြားအောင် လုပ်ဆောင်ခြင်း၊
  • နွေဦးတော်လှန်ရေးခေါင်းစဉ်နဲ့ အကြမ်းဖက်လုပ်ငန်းဆောင်ရွက်ဖို့ လက်နက်၊ ခဲယမ်းတွေ တရားမဝင် ဝယ်ယူနိုင်ရေး Project အမျိုးမျိုးပြကာ အလှူငွေကောက်ခံခြင်း၊
  • သတင်းအတု၊ သတင်းအမှားများ ဖန်တီးပြီး တပ်မတော်ဖြိုခွဲရေးနဲ့ ပြည်သူလူထုအတွင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်နေခြင်းတွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

အထက်ပါလုပ်ရပ်များဟာ NUG အဖွဲ့ရဲ့ စီစဉ်ကြိုးကိုင်၊ အားပေး၊ ထောက်ပံ့မှုတွေနဲ့ မြေပေါ်မြေအောက်အကြမ်းဖက်သမားတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အလစ်အငိုက်ရယူပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

CRPH/NUG/PDF အမည်ခံ အကြမ်းဖက်သမားများအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှန်းလုံးက အများပြည်သူနှင့်သက်ဆိုင်သောနေရာတွေမှာ အကြမ်းဖက်၊ ဗုံးခွဲ၊ မီးရှို့မှုပေါင်း ၉,၄၇၉ ကြိမ် ကျူးလွန်ခဲ့ကြပါတယ်။ အရပ်သားသေဆုံးမှု ၃,၅၄၂ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင်သေဆုံးမှု ၅၁၉ ဦး၊ စုစုပေါင်းသေဆုံးသူ ၄,၀၆၁ ဦးရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိမှုပေါင်း ၄,၁၂၁ မှု ရှိခဲ့ပါတယ်။ အကြမ်းဖက်သမားများရဲ့ မီးရှို့ဖျက်ဆီးခံရသည့် စာသင်ကျောင်းနဲ့ ပညာရေးဆိုင်ရာရုံး ပေါင်း ၂၆၈ ခု ရှိခဲ့ပြီး၊ ဆက်သွယ်ရေးတာဝါတိုင်များကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့ကြတဲ့အတွက် တယ်လီဖုန်းတာဝါတိုင် ၅၈၇ တိုင် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အကြမ်းဖက်သတ်ဖြတ်ခံရသူများထဲမှာ ဆရာ/ဆရာမ ၄၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၂ ဦး၊ သံဃာတော် ၅၃ ပါး၊ သီလရှင် ၁ ပါးနှင့် ကလေးလူငယ် ၈၂ ဦး၊ အုပ်ချုပ်ရေးမှုး ၄၈၅ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ သုံးထောင်ငါးရာကျော်ကို “ငါနဲ့မတူ၊ ငါ့ရန်သူဆိုတဲ့ အကြမ်းဖက်စိတ်ဓာတ်နဲ့ ဒလန်လို့စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။ အထောက်အထားများနဲ့ အသေးစိတ်စာရင်းဇယားများရှိသလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှာရှိတဲ့ သက်ဆိုင်ရာ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအဖွဲ့အစည်းများကိုလည်း ပေးပို့တိုင်ကြားထားပြီး ဖြစ်ပါတယ်။

 

ဒီအချက်အလက်တွေဟာ ဝါဒဖြန့်စွပ်စွဲချက်သက်သက်လား အမှန်တကယ် မြေပြင်မှာဖြစ်နေတဲ့ အချက်အလက်တွေလားဆိုတာကို နေ့စဉ်မြင်တွေ့ကြားသိနေရတဲ့ အဖြစ်အပျက်တွေက သက်သေခံနေပါတယ်။ ပြည်သူလူထုကို အကြောက်တရားနဲ့ ထိန်းချုပ်နိုင်ဖို့ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ခြင်း၊ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို အလစ်အငိုက်တိုက်ခိုက်ခြင်း၊ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စား သောက်လိုတဲ့ မိဘပြည်သူတွေကို လူမူကွန်ရက်ကနေ ခြိမ်းခြောက်ခြင်းစတဲ့ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်နေခြင်းကို NUG အဖွဲ့က နယ်မြေထိန်းချုပ်ခြင်းဆိုပြီး အဓိပ္ပာယ်ကောက်ယူလို့ မရပါဘူး။ ပြည်သူလူထုရဲ့ လူနေမှုဘဝကို ခြိမ်းခြောက်ပြီး နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်နေတဲ့ NUG အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်များသာ ဖြစ်ပါတယ်။

NUG နဲ့ ဒီအဖွဲ့ရဲ့ လက်ကိုင်တုတ် PDF တွေအနေနဲ့ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေပေမယ့် မြန်မာနိုင်ငံရဲ့ မည်သည့်အစိတ်အပိုင်းကိုမှ စိုးမိုးထားနိုင်ခြင်းမရှိသလို၊ အုပ်ချုပ်နိုင်ခြင်းလည်း မရှိပါဘူး။ ခိုးကြောင်ခိုးဝှက်နဲ့ လူသတ်၊ ဗုံးခွဲတာလောက်ကတော့ ဘယ်လိုရာဇဝတ်ကောင်မဆို လုပ်တတ်ပါတယ်။ ဒီ့ထက်ထင်ရှားတဲ့အချက်က မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးမှာ အဓိကဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှန်းလုံးကို ဖြန့်ကျက်ထားတဲ့ တပ်မတော်ရဲ့ အခြေခံယူနစ်လေးတစ်ခုတစ်လေကိုတောင်မှ သိမ်းနိုင်တယ်ဆိုတာမရှိပါဘူး။

NUG နဲ့ PDF ရဲ့ ဌာနချုပ်မပြောနဲ့ စခန်းတောင် မြန်မာနိုင်ငံမှာ မရှိပါဘူး။ ရုံး၊ ဌာနလည်းမရှိသလို မြေပြင်မှာ ဘာမှသက်ရောက်မှုမရှိတဲ့ ထုတ်ပြန်ချက်အမျိုးမျိုးကို လေလှိုင်းပေါ်မှာသာ ခပ်တည်တည်နဲ့ ထုတ်ပြန်နိုင်တဲ့အဆင့်ပဲ ရှိပါတယ်။ NUG အဖွဲ့ဝင်ဆိုတဲ့ လူပုဂ္ဂိုလ်တွေလည်း ပေါ်ပေါ်ထင်ထင် နေထိုင်သွားလာမှု မလုပ်ရဲကြပါဘူး။ ပြည်သူလူထုက အပြည့်အဝထောက်ခံနေသယောင်ယောင် လူမူကွန်ရက်မှာ သတင်းအမှားတွေနဲ့ ပုံဖော်နေပေမယ့် မြေပြင်အမှန်ကတော့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် NUG နဲ့ပတ်သက်နေသူများ၊ PDF အကြမ်းဖက်သမားများကို ဖမ်းဆီးရမိ၊ အရေးယူမှုတွေ ပိုမိုပြုလုပ်လာနိုင်တာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

တကယ်တော့ ကျန်းမာရေး၊ ပညာရေးနဲ့ သက်ဆိုင်သောနေရာတွေဆိုတာ စစ်ပွဲဖြစ်ပွားနေချိန်မှာတောင် ရှောင်ရှားရမည့် နေရာများဖြစ်ပါတယ်။ သို့ပေမယ့် NUG/PDF တွေ အနေနဲ့ ဒီနေရာမျိုးတွေကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ ဒါက စစ်ရာဇဝတ်မှု(war crimes)ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်ပြီး ဒီလို အစွန်းရောက်အကြမ်းဖက်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်လျက်ရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဒီအဖွဲ့များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ပြီး သောင်းကျန်းသူနှိမ်နင်းရေး(Counter-Insurgency Operations)များနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေး(Counter-terrorism Operations)များ ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။

 

ဒီလိုဆောင်ရွက်ရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်ကြီးပေါင်း ၁၀၆ လက်၊ လက်နက်ငယ်ပေါင်း ၁,၉၀၁ လက်၊ တူမီး/လက်လုပ်/လေသေနတ်ပေါင်း ၄,၉၃၈ လက်နှင့် ခဲယမ်းပေါင်း ၃၈၈,၀၂၈ တောင့်၊ ဗုံး/မိုင်း ၁၂,၂၃၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားမှုက အမှုပေါင်း ၁၅,၀၉၆ မှု ရှိပြီး ဖမ်းဆီးရမိ တရားခံ ၁၁,၀၉၃ ဦးကို အရေးယူထားရှိခဲ့ပါတယ်။ ဆူပူအကြမ်းဖက်မှုများနဲ့ စပ်လျဉ်းပြီး အမှုပေါင်း ၁၅,၄၁၉ မှု အထိရှိပြီး ဖမ်းဆီးရမိ တရားခံ ၂၈,၁၁၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အရေးယူဆောင်ရွက်ထားရှိပါတယ်။

ယခုအခါ မြန်မာနိုင်ငံတစ်ဝှန်းလုံး တည်ငြိမ်အေးချမ်းမှုရှိနေပြီး စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးရဲ့ မြို့နယ်အနည်းငယ်နဲ့ ပြည်ပသြဇာခံ EAOs တစ်ချို့ရဲ့ နယ်မြေဒေသတစ်ချို့မှာသာ သောင်းကျန်းသူနှိမ်နင်းရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေးတွေကို နိုင်ငံတကာဥပဒေများ၊ ပြည်တွင်းဥပဒေများနဲ့အညီ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပါတယ်။

တပ်မတော်အနေနဲ့ “ပြည်သူတွေပါဝင်တဲ့ လုံခြုံရေးစနစ်” ကိုတည်ဆောက်ပြီး ဆောင်ရွက်နေတာကြောင့် အကြမ်းဖက်သမားများအနေနဲ့ ၎င်းတို့ကို မထောက်ခံတဲ့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခြင်း(Targeted Assassinations)နဲ့ ဥပဒေပြင်ပသတ်ဖြတ်ခြင်း (Extrajudicial Killings)များ ဆက်လက်ဆောင်ရွက်နေကြကြောင်း တွေ့ရှိနေရပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်ဥပဒေမှ လက်မခံနိုင်တဲ့ အကြမ်းဖက်မှုများ(Terrorist Acts)ပဲ ဖြစ်ပါတယ်။

ဒီလို NUG အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်များဟာ ငြင်းလို့မရနိုင်လောက်အောင် ထင်ထင်ရှားရှား မြင်တွေ့နေရပေမယ့် ယခင်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီ ခေါင်းဆောင်တဲ့ Special Advisory Council for Myanmar (SAC-M) ဆိုတာကို ဖွဲ့စည်းပြီး အနောက်အုပ်စုရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ NUG အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံမှုများ ပြုလုပ်နေတာ တွေ့ရှိရပါတယ်။ ဒီအဖွဲ့ကနေ နစကအစိုးရအနေနဲ့ မြန်မာနိုင်ငံနယ်မြေဒေသအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းအောက်၊ မြို့နယ်ပေါင်း ၃၃၀ ကျော်မှာ ၇၂ မြို့နယ်သာ ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ ဟာသပျက်လုံးတွေ ထုတ်နေပါတယ်။ အမှန်တော့ NUG ကို အခါတော်ပေး လော်ဘီလုပ်ပြီး နိုင်ငံတကာက ငွေကြေးကို လိမ်စားနေကြတာဖြစ်ပြီး အဲ့ဒီအဖွဲ့ကို ဘယ်သူကမှ အသိအမှတ်ပြုထားခြင်း မရှိပါဘူး။ လွတ်လပ်သော နိုင်ငံတကာကျွမ်းကျင်သူများအဖွဲ့လို့ အမည်ခံထားပြီး လူမှုကွန်ရက်မှတဆင့် မြန်မာနိုင်ငံ ပျက်စီးရာပျက်စီးကြောင်း သတင်းလိမ်များကို ထုတ်ပြန်နေခြင်း ဖြစ်ပါတယ်။

ဒါကလည်း လာမယ့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အကြမ်းဖက် NUG အဖွဲ့ကို ထောက်ခံတဲ့ ဝရမ်းပြေး ကျော်မိုးထွန်းကို အသိအမှတ်ပြုဖို့အတွက် ဇွတ်အတင်းလော်ဘီလုပ်နေခြင်း ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုတဲ့သူဆိုတာ အဲ့ဒီနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို အမှန်တကယ်ကျင့်သုံးနိုင်ရုံမက နယ်မြေပိုင်ဆိုင်မှုများရှိဖို့လည်း လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အကြမ်းဖက်အဖွဲ့ NUG နဲ့ သူရဲ့ကိုယ်စားလှယ် ကျော်မိုးထွန်းက ကိုယ်စားပြုနိုင်တယ်ဆိုတာကို လော်ဘီလုပ်ချင်တဲ့အတွက် အချက်အလက်အမှားတွေ ဖန်တီးတည်ဆောက်ပြီး၊ NUG က မြန်မာနိုင်ငံတစ်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်သယောင်၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာတွေ တည်ဆောက်ထားပြီးသယောင် ဟာသပျက်လုံးတွေ ရေးပြီး လော်ဘီလုပ်နေတာတွေ့ရတော့ မြေပြင်အခြေအနေတွေနဲ့ လုံးဝကွဲလွဲနေတယ်ဆိုတာ မြင်နေရတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အတော်ရယ်ချင်မိပါတယ်။

တကယ်တော့ NUG/PDF အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့ရဲ့လော်ဘီ နိုင်ငံတကာအဖွဲ့အစည်းတွေ ကိုးကားနေတဲ့အချက်အလက်တွေက လူမှုကွန်ရက်ပေါ်က သတင်းအတု/သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ ဒီသတင်းအတု/သတင်းအမှားတွေနဲ့ပဲ နိုင်ငံတကာကို မျက်လှည့်ပြပြီး ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်နေခြင်း ဖြစ်ပါတယ်။

အကြမ်းဖက်ဝရမ်းပြေးဘဝနဲ့ မြန်မာနိုင်ငံကနေထွက်ပြေးနေပြီး အလှူခံစားနေရတဲ့ NUG အဖွဲ့ဆိုတာဟာ Facebook ပေါ်မှာပဲ အစည်းအဝေးလုပ်၊ ကြေညာချက်ထုတ်ပြီး၊ လေလှိုင်းထဲမှာ အစိုးရတည်ဆောက်နေတယ်ဆိုတာ မြန်မာပြည်သူတွေတင်မကပါဘူး နိုင်ငံတကာကလည်း သိရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့အဖွဲ့အစည်းတွေက နိုင်ငံတကာဆီက ငွေကြေးကို လိမ်တောင်းချင်တော့ ရူးချင်ယောင်ဆောင်ပြီး NUG အဖွဲ့ကို အသုံးချ၊ မြန်မာပြည်သူတွေရဲ့ တည်ငြိမ်အေးချမ်းမှုကို ချနင်းပြီး လုပ်စားနေကြခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူလေး၊ ငါးယောက်နဲ့ ကင်းစခန်းလေးတွေကို ပစ်ပြေး၊ အချို့ တောရွာလေးတွေမှာ ကလေးတွေကို ခြိမ်းခြောက်ပြီး စာသင်နေပါတယ်ဆိုပြီး ဓာတ်ပုံရိုက်၊ ပြည်သူတွေကို အကြောက်တရားသွင်းပြီး ချောင်းမြောင်းလူသတ်၊ ဗုံးခွဲပြနေတာတွေကို လူမှုကွန်ရက်ပေါ် သတင်းလုပ်တင် ပုံကြီးချဲ့ပြီး မြန်မာနိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်နိုင်တယ်လို့ ပြောနေတာက NUG အဖွဲ့က အကြမ်းဖက်ဝါဒ(Terrorsim)ကို ကျင့်သုံးနေတယ်ဆိုတာ ကမ္ဘာကို ချပြလိုက်တာပါပဲ။ ဒီလိုအကြမ်းဖက်သမားတွေကို ထောက်ခံအားပေးမိရင် ပိုမိုဆိုးရွားတဲ့ လူသတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေ၊ စစ်ဘေးရှောင်တွေ ပိုမိုများပြားလာနိုင်တယ်ဆိုတာကို နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ သတိကြီးကြီးထားသင့်ကြပါတယ်။ မြန်မာပြည်သူအများစုကလည်း NUG/PDF တွေကို ရွံ့ရှာမုန်းတီးနေကြပြီဆိုတာကို သတိချပ်ရမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ပြောရရင်တော့ CRPH/NUG/PDF စတဲ့ အကြမ်းဖက်သမားတွေနဲ့ သူတို့ရဲ့ လော်ဘီနိုင်ငံတကာအဖွဲ့အစည်းတွေ၊ မီဒီယာတွေဟာ ဘယ်လိုပဲ အချက်အလက်အမှားတွေနဲ့ ဝါဒဖြန့်ချိမှုတွေ လုပ်နေလုပ်နေ လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတဲ့ သူတို့ရဲ့ အကြမ်းဖက်မှုတွေက ဘယ်လိုမှ ဖျောက်ဖျက်လို့မရ၊ ငြင်းလို့မရတဲ့ သက်သေအထောက်အထားတွေဖြစ်ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မဆို အကြမ်းဖက်သမားတွေကို အားပေးထောက်ခံရင် အကြမ်းဖက်သမားတွေလို့ပဲ နိုင်ငံတကာမျက်နှာစာမှာ သတ်မှတ်ခံရမှာဖြစ်ပါတယ်။

တကယ်တော့ NUG ဆိုတာ ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံမှာပေါ်ပေါက်ခဲ့ဖူးတဲ့ NCGUB လိုပဲ လေထဲမှာ တည်ဆောက်ပြီး လေထဲမှာပဲ ပျောက်ကွယ်သွားမယ့် အဖွဲ့အစည်းဖြစ်တယ်ဆိုတာက အသေအချာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့တွေရဲ့လုပ်ရပ်တွေက NLD ပါတီနဲ့ NLD ပါတီအတွင်းက အစွန်းမရောက်သူတွေရဲ့ သမိုင်းမှာ အမဲစက်ထင်သွားပြီဖြစ်ပါတယ်။ NUG/PDF များဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မြန်မာ ပြည်သူတွေရဲ့ ရွံ့ရှာမုန်းတီးမှုကိုခံနေကြရသလို ကမ္ဘာ့နိုင်ငံများရဲ့ ဖယ်ကျဉ်မှု၊ အရေးယူမှုကိုပါ မကြာခင်ကြုံတွေရတော့မှာဖြစ်ကြောင်း အကြမ်းဖက်အဖွဲ့ NUG ၏ လားရာကို ညွန်းဆိုပြလိုက်ရပါတယ်။

 

မင်းခန့်

Add new comment