5 th China-ASEAN Information Harbor Forum သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗီဒီယိုမိန့်ခွန်းပေးပို့ပြောကြား

         တရုတ်ပြည်သူ့သမ္မတနိုင်ငံ Cyberspace Administration၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် 5th China-ASEAN Information Harbor Forum သို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဗွီဒီယိုမိန့်ခွန်း ပေးပို့ပြောကြားခဲ့ရာတွင်-

  • ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လာသည်နှင့်အမျှ နိုင်ငံသားများနှင့် ၎င်းတို့၏အကျိုးစီးပွားကို အကာအကွယ်ပေးရန် အရေးကြီးကြောင်း။
  • ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်ရှိ မဟုတ်မမှန်သောသတင်းနှင့် အမုန်းစကားများ၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ဆိုက်ဘာလိမ်လည်မှုများသည် ပိုမိုများပြားလာကြောင်း။
  • ဒီဂျစ်တယ်နည်းပညာနှင့် ဝန်ဆောင်မှုများသည် နယ်နိမိတ်ကန့်သတ်ချက မရှိသော သဘောသဘာဝရှိသည့်အတွက် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း အကျိုးကျေးဇူးများကို အမြင့်ဆုံးရရှိခံစားနိုင်ရန်နှင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်း။
  • “ဒစ်ဂျစ်တယ်ပိုးလမ်းမအား ပူးပေါင်းတည်ဆောက်ခြင်းဖြင့် မျှဝေခံစားနိုင်မည့် ဒီဂျစ်တယ်အနာဂတ်ဆီသို့” ဟူသည့် ယခုနှစ်ဖိုရမ်၏ ဆောင်ပုဒ်သည် လက်ရှိ ခြေအနေများနှင့်လည်း ကိုက်ညီမှုရှိကြောင်း ပြောကြားခဲ့။

     တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍတွင် အာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အတွေးအမြင်များ ပိုမိုဖလှယ်နိုင်ရေးနှင့် နှစ်ဦးနှစ်ဖက်မိတ်ဖက်ဆက်ဆံရေးကို ချဲ့ထွင်နိုင်ရေးတို့အတွက်  အဆိုပါဖိုရမ်ကို ၂၀၁၅ ခုနှစ်မှစတင်ကျင်းပခဲ့ပြီး ယခုကျင်းပသည့်ဖိုရမ်သည် (၅) ကြိမ်မြောက်ကျင်းပ ခြင်းဖြစ်ပါသည်။ အဆိုပါဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကော်မရှင်များမှ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍတွင် ထင်ရှားကျော်ကြားသည့် ပညာရှင်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး အာဆီယံနိုင်ငံများမှ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များက ဗွီဒီယိုမိန့်ခွန်းများ ပေးပို့ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၁၇-၉-၂၀၂၂)

  • ပြည်ထောင်စုဝန်ကြီးသည် 5th China-ASEAN Information Harbor Forum သို့ ပေးပို့သည့် ဗွီဒီယိုမိန့်ခွန်းတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လာသည်နှင့်အမျှ နိုင်ငံသားများနှင့် ၎င်းတို့၏အကျိုးစီးပွားကို အကာအကွယ်ပေးရန် အရေးကြီးကြောင်းနှင့် ဒီဂျစ်တယ်နည်းပညာနှင့် ဝန်ဆောင်မှုများသည် နယ်နိမိတ်ကန့်သတ်ချက်မရှိသော သဘောသဘာဝရှိသည့်အတွက် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း အကျိုးကျေးဇူးများကို အမြင့်ဆုံးရရှိ ခံစားနိုင်ရန်နှင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့။

Add new comment