ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့အကြီးအကဲ Mr. Dragan Aleksoski နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

      ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည်  အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM)မှ အကြီးအကဲ Mr. Dragan Aleksoski နှင့်အဖွဲ့အား စက်တင်ဘာလ ၁၆ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

      တွေ့ဆုံစဉ် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် နယ်စပ်ဝင်/ထွက်ဂိတ်များတွင် ဝင်ထွက်သွားလာနေသည့် ရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ နယ်စပ်ဒေသများမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများအတွက် တီဘီနှင့် ငှက်ဖျားရောဂါကဲ့သို့သော ကူးစက်ရောဂါများ ကာကွယ်ကုသရေးကိစ္စရပ်များ၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် လူကုန်ကူးခံရသော အမျိုးသမီးများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၁၇-၉-၂၀၂၂)

  • ပြည်ထောင်စုဝန်ကြီးသည် (IOM)မှ အကြီးအကဲ Mr. Dragan Aleksoski နှင့်အဖွဲ့အား တွေ့ဆုံစဉ် နယ်စပ်ဝင်/ထွက်ဂိတ်များတွင် ဝင်ထွက်သွားလာနေသည့် ရွှေ့ပြောင်း လုပ်သားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံနိုင်ရေး၊ တီဘီနှင့် ငှက်ဖျား ရောဂါကဲ့သို့သော ကူးစက်ရောဂါများ ကာကွယ်ကုသရေးနှင့် လူကုန်ကူးခံရသော အမျိုးသမီးများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့။

Add new comment