နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သော (၇၄) နှစ်မြောက်  လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာပါကောက်နုတ်ချက်များမှာ-

· မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားညီ အစ်ကိုမောင်နှမများသည် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊  ကိုယ်ပိုင်ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့် ရှောက်ပြီး စည်းလုံးညီညွတ်စွာ စုပေါင်းနေထိုင်ကြသည့်သမိုင်းကြောင်း အစဉ်အလာကောင်းများရှိခဲ့ကြောင်း။

· နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးဆုံးရှုံးရန်အတွက် ရက် ပိုင်းလပိုင်းမျှသာ ကြာမြင့်နိုင်သော်လည်း ဆုံးရှုံးသွားသည့် လွတ်လပ်ရေးကို ပြန်လည်ရယူရန်အတွက် ကြိုးပမ်းရာတွင် အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်ရေး ဆုံးရှုံးရသည်ထက် ကြီးမားသည့် ဆုံးရှုံးမှုမရှိသောကြောင့်  မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး          အတွက် နိုင်ငံသားအားလုံးတွင် ထိန်းသိမ်းစောင့်ရှောက်ရန် အပြည့်အဝ တာဝန်ရှိကြောင်း။

· မြန်မာနိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိခဲ့ပြီးနောက် နယ်ချဲ့တို့၏ နှစ်ပေါင်းတစ်ရာကျော်အုပ်ချုပ်ခဲ့သည့် တောင်တန်းမြေပြန့် သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားခေါင်းဆောင်များအကြား နိုင်ငံရေးအယူအဆနှင့် အယူဝါဒ ကွဲပြားမှုအမျိုးမျိုး ဖြစ်ပေါ်လာခဲ့ပြီး ပဋိပက္ခများဖြစ်ပေါ်လာကာ နိုင်ငံတော်၏ တည်ငြိမ်ရေးပါ ထိပါးလာခဲ့သည့်အပြင် လွတ်လပ်ရေးရရှိပြီး ၇၄ နှစ်ရှိပြီဖြစ်သော်လည်း  ထိုပဋိပက္ခများအား ဖြေရှင်းနေရသဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျစေမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း။

· တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ကိုလိုနီစနစ်ဆိုး ၏ ခါးသီးသော အတိတ်သမိုင်းအတွေ့အကြုံများကို သင်ခန်းစာယူကာ နိုင်ငံတော်၏အကျိုးကို သယ်ပိုးဆောင်ရွက် ရာတွင် မတရားသွေးထိုးလှုံ့ဆော်မှုများ၊ ဖိအားပေးမှုများကို အမြဲသတိပြုကြရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့်  ဘာသာသာသနာတို့အပေါ် သစ္စာစောင့်သိပြီး ရင့် ကျက်သည့် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စု  မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို နိုင်ငံသားတိုင်းက သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ စည်း လုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ်   ကမ္ဘာတည်သရွေ့  ရပ်တည်သွားနိုင်မည်ဖြစ်ကြောင်း။

· ထာဝရငြိမ်းချမ်းရေး ရရှိစေရေးအတွက် စုပေါင်းအင်အားဖြင့်  ကြိုးပမ်းဖော်ဆောင်ရယူ၍ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံမှ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

· နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အစိုးရအဖွဲ့သာမက ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊  တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများ အားလုံးတက်ညီလက်ညီ ပူးပေါင်းပါဝင်၍ ပြည်တွင်းစီးပွားရေးနှင့် ကုန်   ထုတ်လုပ်မှုလုပ်ငန်းတို့အား အားတက်သရော ဆောင်ရွက် နိုင်ပါလျှင် ဖွံ့ဖြိုးတိုးတက်မှုများ မလွဲမသွေ ရရှိခံစားနိုင် မည်ဖြစ်ကြောင်း။

· ဒီမိုကရေစီစနစ်ကို   ကျင့်သုံးနိုင်ရန်အတွက် လူပုဂ္ဂိုလ်တစ် ဦးချင်းအလိုက်၊ အဖွဲ့အစည်းအလိုက် နိုင်ငံရေးအသိအမြင် များ အားကောင်းရန် လိုအပ်ပြီး အားလုံးပါဝင်နိုင်သော၊ ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုမှုကို ဖော်ထုတ်နိုင်သော နိုင်ငံရေးစနစ် တည်ဆောက်မှုလိုအပ်ကြောင်း၊  ၎င်းအတွက် နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများ နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်လျက်ရှိ ကြောင်း။

· ပြည်သူလူထု၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက်  အဖွဲ့များ၏ အကြမ်းဖက်လှုပ်ရှားမှုများအား ထိရောက်စွာဟန့်တားနိုင်ရေး ပြည်သူလူထုနှင့် လက်တွဲဆောင်ရွက် လျက်ရှိကြောင်း။

· မြန်မာနိုင်ငံသည် တိုင်းရင်းသားအားလုံးက စုစည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ   တိုင်းရင်းသားစည်းလုံးညီညွတ်မှု တောင့်တင်းခိုင်မာရေးသည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အမျိုးသားရေး            အကျိုးစီးပွားပင် ဖြစ်ကြောင်း။

· ကိုလိုနီခေတ်က ၎င်းတိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြား၍  ကျွန်သက်ရှည်အောင် ဆောင်ရွက်ခဲ့သည့်နည်း တူ မျက်မှောက်ကာလ၌လည်း ခေတ်သစ်ကိုလိုနီဝါဒီများက ညီနောင်တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲ၍  မြန်မာနိုင်ငံကို  ၎င်းတို့လိုသလို ခြယ်လှယ်ခွင့်ရရန် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်ကို သတိရှိကြ ရမည်ဖြစ်ကြောင်း။

· နိုင်ငံတော်အစိုးရအနေဖြင့် အယူအဆ၊ အယူဝါဒ ကွဲပြားမှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၊ သွေးကွဲမှုများချုပ်ငြိမ်း၍ ရေရှည်တည်တံ့ခိုင် မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ပါဝင်ဆောင်ရွက်ကြပါဟု တိုက်တွန်းလိုကြောင်း။

· ယနေ့ခေတ်သည် ပညာခေတ် (Knowledge Age) ဖြစ်သည်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပညာ သည်သာ၊ အခရာ” ဖြစ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံအနေဖြင့် ပညာကိုအခြေပြု၍ နိုင်ငံတော်တည်ဆောက်ရေး (State Building)နှင့် တိုင်းပြည်တည်ဆောက်ရေး(Nation Building)ကို ဆောင်ရွက် နိုင်မှ ခေတ်နှင့်အညီ၊ ကမ္ဘာနှင့်အမီ ရင်ပေါင်တန်းလျှောက် လှမ်းနိုင်မည်ဖြစ်ကြောင်း။

· ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)ပြဋ္ဌာန်းချက် ၃၆၆ ၌ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာ ရေးဆိုင်ရာမူဝါဒများနှင့်အညီ (က)ပညာသင်ကြားပိုင်ခွင့်ရှိသည်။ (ခ)ဥပဒေဖြင့် ပြဋ္ဌာန်းသည့်မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်။” ဟု ပြဋ္ဌာန်းထားကြောင်း သဝဏ်လွှာပေးပို့ခဲ့။

၂ဝ၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုး သားရေးဦးတည်ချက်(၄)ရပ်ကို  အလေးအနက်ခံယူပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့်  တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြပါရန်နှင့် မျိုးဆက်သစ်များ အနေဖြင့် အတိတ်မှဖြစ်စဉ်များအပေါ် ဆင်ခြင်တုံတရားထား လျက် မိမိတို့ရရှိထားသော လွတ်လပ်ခြင်း၏တန်ဖိုးကို သိရှိနားလည်ကာ အမိနိုင်ငံတော်၏အကျိုးကို စွမ်းဆောင်နိုင်သလောက် ကိုယ်စီကိုယ်စီစွမ်းဆောင်သွားကြစေရေး တိုက်တွန်းလျက် သဝဏ်လွှာပေးပို့ခဲ့ပါသည်။

  • နိုင်ငံတော်အနေဖြင့် ဆုံးရှုံးသွားသည့် လွတ်လပ်ရေးကို ပြန်လည်ရယူရန်အတွက် ကြိုးပမ်းရာတွင် အသက် ပေါင်းများစွာပေးဆပ်ခဲ့ရပြီး နှစ်ပေါင်းများစွာ  ကြာမြင့်ခဲ့ရ။
  • တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ကိုလိုနီစနစ်ဆိုး၏ ခါးသီးသော အတိတ်သမိုင်းအတွေ့အကြုံများကို   သင်ခန်းစာယူကာ နိုင်ငံတော်၏အကျိုးကို သယ်ပိုးဆောင်ရွက်ရာတွင် မတရားသွေးထိုးလှုံ့ဆော်မှုများ၊ ဖိအား ပေးမှုများကို အမြဲသတိပြုကြရန်လိုအပ်။
  • ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် စုပေါင်းအင်အားဖြင့် ကြိုးပမ်းဖော်ဆောင်ရယူ၍ ပြည်ထောင်စုကြီး တစ်ခုလုံး ဘက်စုံထောင့်စုံမှ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းညှိနှိုင်း ဆောင်ရွက် သွားကြရမည်ဖြစ်။
  • နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့သာမက ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊  တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများ အားလုံးတက်ညီလက်ညီ ပူးပေါင်းပါဝင်၍ ဆောင်ရွက်နိုင်ပါလျှင် ဖွံ့ဖြိုးတိုးတက်မှုများ မလွဲမသွေ ရရှိခံစားနိုင်မည်ဖြစ်။
  • ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်၊ အဖွဲ့အစည်းအလိုက် နိုင်ငံရေးအသိအမြင် များ အားကောင်းရန်လိုအပ်။
  • ပြည်သူလူထု၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ၏ အကြမ်းဖက်လှုပ်ရှားမှုများအား ထိရောက်စွာဟန့်တားနိုင်ရေး ပြည်သူလူထုနှင့် လက်တွဲဆောင်ရွက် လျက်ရှိ။
  • မျက်မှောက်ကာလ၌ ခေတ်သစ်ကိုလိုနီဝါဒီများက ညီနောင်တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်မှုပြိုကွဲ၍  မြန်မာနိုင်ငံကို  ၎င်းတို့လိုသလို ခြယ်လှယ်ခွင့်ရရန် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်ကို သတိရှိကြရ မည်ဖြစ်။