အကြိမ် (၄၀) မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံစွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများဆွေးနွေး

       အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (40th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကမ္ဘောဒီးယားနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကြီးမှူးကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးများသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်ခဲ့ပါသည်။

         အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးတွင်-

  • အာဆီယံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation – APAEC Phase II (2021-2025)) ၏ ပူးပေါင်းဆောင်ရွက်ရေးဧရိယာများဖြစ်သော အာဆီယံဒေသတွင်း စွမ်းအင်ဖူလုံမှုရှိရေး၊
  • သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက် တိုးချဲ့တည်ဆောက်ရေးနှင့် လျှပ်စစ်ဓာတ်အားကွန်ရက်စနစ်နှင့် ကျောက်မီးသွေးနှင့် သန့်စင်သောကျောက်မီးသွေးသုံးနည်းပညာများ အဆင့်မြှင့်တင်ရေး၊
  • စွမ်းအင်အကျိုးရှိ၊ ထိရောက်စွာအသုံးချရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ ပိုမိုတိုးမြှင့်သုံးစွဲရေး၊ စွမ်းအင်မူဝါဒ နှင့် စီမံရေးကဏ္ဍ ပိုမိုကောင်းမွန်ရေး၊
  • မြို့ပြနျူကလီးယားစွမ်းအင်ဆိုင်ရာနည်းပညာနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ/အဖွဲ့အစည်းများအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအမံများနှင့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အကြိမ် (၄၀) မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာစာတမ်း “The Joint Ministerial Statement (JMS) of 40th AMEM” ကို ထုတ်ပြန်ခဲ့။

        အကြိမ် (၄၀)မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများအဖြစ် အာဆီယံနှင့် အမေရိကန်စွမ်းအင်ဆိုင်ရာဝန်ကြီးများ အစည်းအဝေး၊ အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အေဂျင်စီ အစည်းအဝေး၊ အာဆီယံနှင့်အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ အစည်းအဝေးတို့ကို တစ်ဆက်တည်း ကျင်းပခဲ့ပြီး စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး အစီအမံများ၊ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး 7th ASEAN ENERGY OUT LOOK နှင့် 2nd ASEAN RENEWABLE ENERGY (RE) OUT LOOK မူကြမ်းများကို အတည်ပြုခဲ့ကြသည်။ အဆိုပါအစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံစွမ်းအင်ဗဟိုဌာနနှင့် နိုင်ငံတကာစွမ်းအင်ဆိုင်ရာအဖွဲ့ အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၉-၂၀၂၂)

  • စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကြီးမှူးကျင်းပလျက်ရှိသည့် အကြိမ် (၄၀)မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို တက်‌ရောက်ခဲ့ပြီး အာဆီယံစွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးညှိနှိုင်းခဲ့။

Add new comment