Ural Airlines ၏ On-Board မဂ္ဂဇင်းများတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်း ထည့်သွင်းရေးဆွေးနွေး

        မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေးအတွက် ရုရှားခရီးသွားဧည့်သည်များအား ဗီဇာကင်းလွတ်ခွင့်ပြုပေးထားခဲ့ရာ ရုရှားခရီးသွားဈေးကွက် မြန်မာနိုင်ငံတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးကို အထောက်အကူပြုနိုင်စေရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ရုရှားနိုင်ငံအခြေစိုက်မှ အယ်ဒီတာချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့တို့ကို စက်တင်ဘာလ ၁၅ ရက်တွင် Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့ပါသည်။

       တွေ့ဆုံစဉ် ရုရှားနိုင်ငံတွင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စရပ်များနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးမေးမြန်းကာ Ural Airlines ၏ On Board မဂ္ဂဇင်းများတွင် မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများအကြောင်း ထည့်သွင်းရေးနှင့် Ural Air-lines Magazine အဖွဲ့အတွက် မြန်မာနိုင်ငံသို့ မီဒီယာခရီးစဉ်များ ဖိတ်ခေါ်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

    တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပြီး Ural Air-lines Magazine မှ အယ်ဒီတာချုပ်၊ အရောင်းမြှင့်တင်ရေးတာဝန်ခံနှင့် လေယာဉ်ခရီးစဉ်ဆိုင်ရာ ဈေးကွက်မြှင့်တင်ရေးတာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၉-၂၀၂၂)

  • ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံအခြေစိုက်မှ အယ်ဒီတာချုပ်နှင့်ကိုယ်စားလှယ်အဖွဲ့တို့ကို တွေ့ဆုံစဉ် Ural Airlines ၏ On Board မဂ္ဂဇင်းများတွင် မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများအကြောင်း ထည့်သွင်းရေးနှင့် Ural Air-lines Magazine အဖွဲ့အတွက် မြန်မာနိုင်ငံသို့ မီဒီယာခရီးစဉ်များ ဖိတ်ခေါ်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့။

Add new comment