မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းအားမြှင့်တင်ရန်နှင့် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်များပိုမိုလာရောက်လည်ပတ်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ Sai Swe Co., Ltd၊ ထိုင်းနိုင်ငံရှိ Best International Travels and Agency နှင့် ထိုင်းရုပ်သံ Channel များမှ ကိုယ်စားလှယ်များသည် ဇူလိုင်လ ၃၁ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့နှင့် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်၍ မှတ်တမ်းတင်ဗီဒီယိုများ ရိုက်ကူးခဲ့ပါသည်။
-
ထိုင်းရုပ်သံမီဒီယာအဖွဲ့များ လာရောက်၍ ရိုက်ကူးခဲ့သော မှတ်တမ်းတင်ဗီဒီယို “The Exclusive” Travel Note Show အား ထိုင်းနိုင်ငံရှိ ရုပ်သံ Channel တစ်ခုဖြစ်သော Channel 5 ရုပ်သံလိုင်းတွင် အပတ်စဉ် စနေနေ့ည ၉ နာရီတွင် ထုတ်လွှင့်ပြသလျက်ရှိ။
-
Best International Travels and Agency အနေဖြင့် ယင်းခရီးစဉ်သည် အထူးခရီးစဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း ပထမဆုံးအကြိမ် ရိုက်ကူးထုတ်လွှင့်ခြင်းဖြစ်။
-
ဆက်လက်၍လည်း မန္တလေးနှင့် ပုဂံမြို့တို့သို့ သွားရောက်ကာ ခရီးသွားဆွဲဆောင်မှုနေရာများကို ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပသတင်းမီဒီယာများ၌ မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုနေရာများကို ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်း၍ မှန်ကန်သော သတင်းအချက်အလက်များကို ဖြန့်ဝေပေးခြင်း၊ မြန်မာနိုင်ငံ၏ ကောင်းမွန်သောပုံရိပ်အား မြှင့်တင်ခြင်းလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၉-၂၀၂၂)
-
ရန်ကုန်မြို့နှင့် နေပြည်တော်ရှိ အထင်ကရနေရာများသို့ ထိုင်းရုပ်သံမီဒီယာအဖွဲ့များ လာရောက်၍ ရိုက်ကူးခဲ့သော မှတ်တမ်းတင်ဗီဒီယို “The Exclusive” Travel Note Show အား ထိုင်းနိုင်ငံရှိ ရုပ်သံ Channel တစ်ခုဖြစ်သော Channel 5 ရုပ်သံလိုင်းတွင် အပတ်စဉ် စနေနေ့ည ၉ နာရီတွင် ထုတ်လွှင့်ပြသလျက်ရှိ။
-
ယင်းခရီးစဉ်သည် အထူးခရီးစဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း ပထမဆုံးအကြိမ် ရိုက်ကူးထုတ်လွှင့်ခြင်းဖြစ်။
-
ဆက်လက်၍လည်း မန္တလေးနှင့် ပုဂံမြို့တို့သို့ သွားရောက်ကာ ခရီးသွားဆွဲဆောင်မှုနေရာများကို ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်။
Add new comment