မော်လိုက်မြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ၏ အတင်းအဓမ္မဖမ်းဆီးခြင်းခံခဲ့ရသည့် အမျိုးသမီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ကယ်တင်နိုင်ခဲ့

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အကြမ်းဖက်သမားများသည် ကျေးရွာများရှိ ဒေသခံပြည်သူများအား ခြိမ်းခြောက်အကျပ်ကိုင်၍ လူသစ်စုဆောင်းခြင်း၊ အတင်းအဓမ္မဆက်ကြေးကောက်ခံခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသဖြင့် မော်လိုက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၄ ရက်တွင် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာ မော်လိုက်မြို့နယ် မိုင်းနွဲ့ကျေးရွာ၏ အရှေ့ဘက်နှစ်မိုင်ခန့်အကွာသို့အရောက်၌ PDF အကြမ်းဖက်သမားများ၏ စခန်းတစ်ခုအား တွေ့ရှိခဲ့သဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါစခန်းအတွင်းမှ PDF အကြမ်းဖက်သမားများ၏ အတင်းအဓမ္မဖမ်းဆီး ခေါ် ဆောင်ခြင်းခံခဲ့ရသည့် အမျိုးသမီးလေးဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

          အဆိုပါအမျိုးသမီးများက အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရမှု၊ နေထိုင်စားသောက်ခဲ့ရမှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်၍ သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်ပြောကြားချက်များအရ-

  • အဆိုပါအမျိုးသမီးများသည် မော်လိုက်မြို့နယ်၊ မိုင်းနွဲ့ကျေးရွာအတွင်း နေထိုင်ကြသူများဖြစ်ပြီး PDF အကြမ်းဖက်သမားများက ၎င်းတို့ကျေးရွာရှိ ရွာသူရွာသားများအား ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အစိုးရဝန်ထမ်းများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ မဖွင့်နိုင်ရန် ခြိမ်းခြောက်၍ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း။
  • တပ်မတော်က DVB, Mizzima တို့က ထုတ်လွှင့်နေသလို မဟုတ်ဘဲ မိဘအိမ်ကဲ့သို့ နွေးနွေးထွေးထွေး ဆက်ဆံခဲ့ကြသည့်အတွက် လွန်စွာဝမ်းမြောက်မိကြောင်း။
  • လူငယ်များအနေဖြင့် နိုင်ငံရေးအကြောင်း နားမလည်ကြဘဲ နိုင်ငံရေးသမားများ၏အသုံးချခံ မဖြစ်ကြလိုကြောင်း၊ သတင်းမီဒီယာများ၏ မဟုတ်မမှန် သွေးထိုးလှုံဆော်မှုများကိုလည်း မယုံကြည်ကြစေလိုကြောင်း။

          PDF အကြမ်းဖက်အဖွဲ့ထံ ရောက်ရှိနေသော လူငယ်လူရွယ်များကို အမှားအမှန်ခွဲခြားနားလည်ပြီး ဥပဒေဘောင်အတွင်း အမြန်ဆုံးဝင်ရောက်လာခဲ့ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၉-၂၀၂၂)

  • မော်လိုက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များက မိုင်းနွဲ့ကျေးရွာ၏ အရှေ့ဘက်နှစ်မိုင်ခန့်အကွာသို့အရောက်၌ PDF အကြမ်းဖက်သမားများ၏ စခန်းတစ်ခုအား တွေ့ရှိခဲ့သဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့။
  • အဆိုပါစခန်းအတွင်းမှ PDF အကြမ်းဖက်သမားများ၏ အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသည့် အမျိုးသမီးလေးဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့။

Add new comment