MRTV Logo အား ရယူအသုံးပြု ထုတ်လွှင့်လျက်ရှိသည့် Facebook Page အတုကိစ္စ အသိပေးထုတ်ပြန်ခြင်း

       မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ အမည်နှင့် Logo များကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာဆောင်ရွက်လျက်ရှိသည့် Facebook Page အတုအပါအဝင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏အမည် Logo နှင့် ပုံရိပ်များကို ဆင်တူယိုးမှားတုပအသုံးပြုမှုများအား တည်ဆဲဥပဒေများ   နှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက အသိပေးထုတ်ပြန်ထားပါသည်။

အသိပေးထုတ်ပြန်ချက်

“ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အများပြည်သူအတွက် ထုတ်လွှင့်ဝန်ဆောင်မှုပေးလျက်ရှိသည့် MRTV HD နှင့် ဆက်စပ်ရုပ်သံလိုင်းများ၏ ရုပ်သံအစီအစဉ်များကို MRTV Media Application တွင် အကြောင်းအရာအလိုက် ကဏ္ဍခွဲ ၁၁ ခု ဖြင့် ထုတ်  လွှင့်ဖော်ပြလျက်ရှိရာ အဆိုပါ MRTV Media Application ၏ Logo ကို profile ပုံအဖြစ်လည်းကောင်း၊ MRTV ၏ logo အဟောင်းကို Cover photo အဖြစ်လည်းကောင်း ရယူတုပအသုံးပြု၍ “Myanmar Radio and Television” အမည် Facebook Page ဖြင့် ညစ်ညမ်းပစ္စည်းများရောင်းချနေမှုကို စိစစ်တွေ့ရှိရပါသည်။

ထိုကဲ့သို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ အမည်နှင့် Logo များကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာဆောင်ရွက်လျက်ရှိသည့် Facebook Page အတုအပါအဝင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ အမည် Logo နှင့် ပုံရိပ်များကို ဆင်တူယိုးမှား တုပအသုံးပြုမှုများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံလိုင်းများမှ ထုတ်လွှင့်လျက်ရှိသည့် ရုပ်သံအစီအစဉ်များအား MRTV ၏ ဝက်ဘ်ဆိုက်လိပ်စာများဖြစ်သည့် www.mrtv.gov.mm နှင့် www.mrtv. media.com တို့မှလည်းကောင်း MRTV media application မှလည်းကောင်း၊ MRTV twitter နှင့် MRTV telegram စသည့် လူမှုကွန်ရက်စာမျက်နှာများမှလည်းကောင်း ကဏ္ဍစုံစွာဖြင့် သီးခြားစီလွှင့်တင်ထားသဖြင့် အများပြည်သူအနေဖြင့် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း ရှင်းလင်းထုတ်ပြန်အပ်ပါသည်။”

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၉-၂၀၂၂)

  • MRTV Media Application ၏ Logo ကို profile ပုံအဖြစ်လည်းကောင်း၊ MRTV ၏ logo အဟောင်းကို Cover photo အဖြစ်လည်းကောင်း ရယူတုပအသုံးပြု၍ “Myanmar Radio and Television” အမည် Facebook Page ဖြင့် ညစ်ညမ်းပစ္စည်းများရောင်းချနေမှုကို စိစစ်တွေ့ရှိ။

  • မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ အမည်နှင့် Logo များကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာဆောင်ရွက်လျက်ရှိသည့် Facebook Page အတုအပါအဝင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ အမည် Logo နှင့် ပုံရိပ်များကို ဆင်တူယိုးမှား တုပအသုံးပြုမှုများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်။                                                                                                                                                                                                                                                                                                                                                                                                                                                                                                               

Add new comment