အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များကို e-ID စနစ် အသုံးပြု၍ အရှိန်မြှင့်တင်ဆောင်ရွက်

      ပြည်တွင်းအခွန်ဆောင်နေထိုင်သည့် နိုင်ငံခြားသား FRC ကိုင်ဆောင်ထားသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) လက်မှတ်ရရှိထားသူတို့၏ မှတ်တမ်းများပါ ကိုယ်ရေးအချက်အလက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များကို နည်းပညာအသုံးပြု၍ ရုံးချုပ် Database Server သို့ ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။ စက်တင်ဘာလ ၁၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် e-ID စနစ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လုပ်ငန်းအရှိန်မြှင့်တင်ဆောင်ရွက်မှုများ ပြောကြားရာတွင်-

  • e-ID စနစ် လုပ်ငန်းစဉ်အဖြစ် နိုင်ငံသားအသိအမှတ်ပြုကတ်ပြား တစ်မျိုးမျိုးကိုင်ဆောင်ထားသူ၊ ပြည်တွင်း၌ အခွန်ဆောင်နေထိုင်သည့် နိုင်ငံခြားသား FRC ကိုင်ဆောင်ထားသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) လက်မှတ်ရရှိထားသူစသည့်တို့ကို ကိုယ်ရေးဆိုင်ရာအချက်အလက် Biographic (၆) ချက်နှင့် ဇီဝဆိုင်ရာအချက်အလက် Biometric (၃) ချက်ကောက်ယူကာ လူတစ်ဦးချင်းစီအတွက် Unique ID နံပါတ်တစ်ခုစီ ထုတ်ပေးသွားမည်ဖြစ်ကြောင်း။

  • e-ID စနစ်အတွက် ဆောင်ရွက်မည့် စနစ်တည်ဆောက်ပုံဒီဇိုင်း၊ ပြည်ပနည်းပညာအကြံပေးငှားရမ်းခေါ်ယူရေးနှင့် Biometric ကောက်ယူရေးအတွက် အသုံးပြုမည့် နည်းပညာဆိုင်ရာပစ္စည်းနှင့်ပတ်သက်၍ ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များ ရရှိပြီးဖြစ် ကြောင်း။

  • လူတစ်ဦးချင်းစီအတွက် Biometric (၃) ချက်ကောက်ယူရာတွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးတည်အုပ်စုများသတ်မှတ်ကာ အဆင့်ဆင့်ဆောင်ရွက်သွားရန် လျာထားကြောင်း ပြောကြားခဲ့။

        တက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ကွန်ပျူတာပညာရှင်များအသင်းတို့မှ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ချက်များအပေါ်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးနှင့် e-ID နည်းပညာဆိုင်ရာပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၁၄-၉-၂၀၂၂)

  • ပြည်တွင်းအခွန်ဆောင်နေထိုင်သည့် နိုင်ငံခြားသား FRC ကိုင်ဆောင်ထားသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) လက်မှတ်ရရှိထားသူတို့၏ မှတ်တမ်းများပါ ကိုယ်ရေးအချက်အလက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များကို နည်းပညာအသုံးပြု၍ ရုံးချုပ် Database Server သို့ ပေးပို့ဆောင် ရွက်လျက်ရှိ။

Add new comment