ပဲခူးတိုင်းဒေသကြီးအတွင်း စက်တင်ဘာလဆန်းအထိ အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများနှင့်အတူ လက်နက်မျိုးစုံ ၃၆၉ လက်၊ ကျည်/ခဲယမ်းမျိုးစုံ ၁၀,၈၇၁ တောင့်၊ ဗုံး ၉ လုံး၊ ကျည်အိမ်မျိုးစုံ ၅ ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၂ ရက်တွင် ပဲခူးမြို့ရှိ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ် ပြုချီးမြှင့်ငွေ (၁၁၈) သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲယမ်းများအား ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၁၃-၉-၂၀၂၂)
- တိုင်းဒေသဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲယမ်းများအား ကြည့်ရှုခဲ့။
Add new comment