ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၈ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က-
-
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအပါအဝင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီနှင့် လုပ်ငန်းကော်မတီလေးခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း။
-
လုပ်ငန်းကော်မတီအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရန်ကိစ္စရပ်များကို ဆောင်ရွက်နေကြောင်း၊ တိုးတက်မှုရလဒ်များကို နိုင်ငံတကာသို့ ပြသနိုင်ရမည်ဖြစ်ကြောင်း။
-
ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအပါအဝင် အသိုက်အဝန်းများ၏ လူနေမှုဘဝ အမှန်တကယ် အဆင်ပြေချောမွေ့စေရေးအတွက် လက်တွေ့တွင် လုပ်ဆောင်ပေးရန် အရေးကြီးကြောင်း ပြောကြားခဲ့။
ထို့နောက် ဝန်ကြီးဌာနများမှ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွက် အကူအညီများကို ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ မိမိတို့လိုအပ်ချက်နှင့်အညီရယူ၍ မြေပြင်တွင် လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၉-၂၀၂၂)
-
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအပါအဝင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီနှင့် လုပ်ငန်းကော်မတီလေးခုကို ဖွဲ့စည်းထားပြီးဖြစ်။
-
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရန်ကိစ္စရပ်များကို ဆောင်ရွက်နေပြီး တိုးတက်မှုရလဒ်များကို နိုင်ငံတကာသို့ ပြသနိုင်ရမည်ဖြစ်။
-
ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအပါအဝင် အသိုက်အဝန်းများ၏ လူနေမှုဘဝ အမှန်တကယ်အဆင်ပြေချောမွေ့စေရေးအတွက် လက်တွေ့တွင် လုပ်ဆောင်ပေးရန် အရေးကြီး။
Add new comment