နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) တက္ကသိုလ်ပါမောက္ခချုပ်နှင့် တွေ့ဆုံဆွေးနွေး

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ Far Eastern Federal University(FEFU) တက္ကသိုလ်ပါမောက္ခချုပ် Mr. Boris Nikolaevich Korobets နှင့် စက်တင်ဘာလ ၈ ရက်တွင် အဆိုပါတက္ကသိုလ်၌ တွေ့ဆုံဆွေးနွေးခဲ့ရာတွင်-

  • Far Eastern Federal University (FEFU) တက္ကသိုလ်၏ လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတကာမှ ပညာတော်သင်ကျောင်းသားများ လာရောက်တက်ရောက်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ သင်တန်းသားများ လာရောက်သင်ကြားနိုင်ရေးကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုသည့်အခြေအနေများ။
  • (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022) ၏ မျက်နှာစုံညီအစည်းအဝေး Plenary Session ကျင်းပစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဆွေးနွေးပြောကြားခဲ့မှုအပေါ် FEFU တက္ကသိုလ်ပါမောက္ခချုပ်အနေဖြင့် သုံးသပ်ထင်မြင်မှုများနှင့် စားနပ်ရိက္ခာလုံခြုံရေးကဏ္ဍ၏ အရေးပါမှုကို သတိပြုမိခဲ့သည့် အခြေအနေများ။
  • မြန်မာနိုင်ငံမှ ပညာတော်သင် သင်တန်းသားများ ရုရှားနိုင်ငံအနောက်ဘက်ပိုင်းရှိ တက္ကသိုလ်အများအပြားတွင် အဆင့်မြင့်ပညာများကို သင်ယူလျက်ရှိသည့် အခြေအနေများနှင့် FEFU တက္ကသိုလ်တွင် ဆေးဘက်ဆိုင်ရာဘွဲ့လွန်ပညာရပ်များ စေလွှတ်သင်ကြားသွားမည်ဖြစ်သည့် အခြေအနေများ။
  • နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေးကူးလူးဆက်သွယ်မှုတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အတွက် ပညာရေးကဏ္ဍတိုးမြှင့်ရေးပူးပေါင်းဆောင်ရွက်မှုများသည်လည်း အစဉ်အဆက် တိုးမြှင့်လာနိုင်မည်ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ သင်တန်းသားများ လာရောက်တက်ရောက်မည်ဆိုပါက တက္ကသိုလ်မှ စီမံဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ။
  • (FEFU) တက္ကသိုလ်နှင့် မြန်မာနိုင်ငံမှ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) တို့အကြား သဘောတူညီမှုတစ်ရပ်ကို မကြာမီလက်မှတ်ရေးထိုးနိုင်မည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီးနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် (FEFU) တက္ကသိုလ်ပါမောက္ခချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့။

      အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နစကကောင်စီတွဲဖက်အတွင်းရေးမှူး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် မြန်မာစစ်သံတို့ တက်ရောက်ကြပြီး (FEFU) တက္ကသိုလ်ပါမောက္ခချုပ်နှင့်အတူ ဒုတိယပါမောက္ခချုပ် Mr. Evgeny E. VLASOV တက္ကသိုလ်ဌာန အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၉-၂၀၂၂)

  • Far Eastern Federal University (FEFU) တက္ကသိုလ်၏ လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတကာမှ ပညာတော်သင်ကျောင်းသားများ လာရောက်တက်ရောက်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှသင်တန်းသားများ လာရောက်သင်ကြားနိုင်ရေးကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုသည့်အခြေအနေများ။
  • နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေးကူးလူးဆက်သွယ်မှုတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အတွက် ပညာရေးကဏ္ဍတိုးမြှင့်ရေးပူးပေါင်းဆောင်ရွက်မှုများသည်လည်း အစဉ်အဆက် တိုးမြှင့်လာနိုင်မည်ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ သင်တန်းသားများ လာရောက်တက်ရောက်မည်ဆိုပါက တက္ကသိုလ်မှ စီမံဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာပညာတော်သင် သင်တန်းသားများစေလွှတ်နိုင်မည့် အခြေအနေများအပါအဝင် တက္ကသိုလ်အချင်းချင်း ဘာသာရပ်ပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ ပညာရေးမြှင့်တင်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့။

Add new comment