ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၆ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU)၌ တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ပါသည်။
ထိုသို့တွေ့ဆုံမေးမြန်းရာတွင်-
- အာရှ-ပစိဖိတ်ဒေသ၏ လုံခြုံရေးဆိုင်ရာ သဘောထားအမြင်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ။
- တည်ငြိမ်အေးချမ်းရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။
- မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို အစဉ်တစိုက် လေးစားလိုက်နာဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။
- ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံစစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် အခြားသိရှိလိုသည်များအား မေးမြန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana တွေဆုံမေးမြန်းဖြေကြားမှု အပြည့်အစုံအား ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၉-၂၀၂၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ တွေ့ဆုံ၍ သိရှိလိုသည့်မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့။
- မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို အစဉ်တစိုက် လေးစားလိုက်နာ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် အခြားသိရှိလိုသည်များအား မေးမြန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့။
Add new comment