နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဦးကိုကိုလှိုင်တို့က ထပ်ဆင့်ရှင်းလင်းပြောကြား

       နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော သံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီ တာဝန်ခံများအား ထပ်ဆင့်ရှင်းလင်းပွဲကို စက်တင်ဘာလ ၇ ရက်တွင် Video Conferencing စနစ်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စု အစိုးရအဖွဲ့၏ ခြောက်လပတ်လုပ်ငန်းဆောင်ရွက်ချက်ကို ရှင်းလင်းပြောကြားရာတွင်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကိုချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
  • နိုင်ငံတော်ဦးတည်ချက်တွင် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံ ခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို ဆက်လက်ကျင့်သုံးရေးကို နိုင်ငံရေးဦးတည်ချက်အဖြစ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
  • ပြည်ပရှိ မြန်မာသံရုံးများသည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး ရည်မှန်းချက်အပြင် မြန်မာနိုင်ငံသားများအကျိုးကိုလည်း ကာကွယ်စောင့်ရှောက် ပေးရမည့်တာဝန်ရှိသဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပေးကြ စေလိုကြောင်း။
  • မိမိတို့၏ ဆောင်ရွက်ချက်များနှင့် ပြင်ပမှ မမှန်သတင်း ဖော်ပြချက်များကိုလည်း ပြန်လည်တုံ့ပြန် ဖြေရှင်းအသိပေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ရမည် ဖြစ်ကြောင်း။
  • သံရုံးလုံခြုံရေးနှင့် လူပုဂ္ဂိုလ်၊ စာရွက်စာတမ်း လုံခြုံရေးများကို အထူးဂရုစိုက် ကြရန်၊ သံရုံးအကြီးအကဲများမှအဆင့်ဆင့် အထူးကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
  • ပြည်ပတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် သံတမန်များအနေဖြင့် ရှေ့တန်း တိုက်စစ်မှူးများဖြစ်သကဲ့သို့ ခံစစ်မှူးများလည်းဖြစ်ကြောင်း။
  • နိုင်ငံတကာဆက်ဆံရေးကဏ္ဍသည် နက်နဲသိမ်မွေ့သည့်ကိစ္စဖြစ်၍ သံရုံးအကြီး အကဲများအနေဖြင့် အမြင်ကျယ်ကျယ်၊ ယုံကြည်ချက်၊ ခံယူချက်ရှိရှိဖြင့် လုပ်ကိုင် ဆောင်ရွက်သွားကြရန်နှင့် မိမိလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ပြီး အချင်းချင်း အပြန်အလှန် လေးစားမှု စိတ်ဓာတ်ရှိစေရန်လည်း ထိန်းကြောင်းကြပ်မတ်သွားကြရန် လိုအပ်ကြောင်း။
  • ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဆက်ဆံရေးအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံဆက်ဆံရေး အခြေအနေ များနှင့် ပတ်သက်၍လည်းကောင်း၊ အစိုးရ၏ ရပ်တည်ချက်၊ သဘောထားနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

      အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရင်ဆိုင်နေသည့် အမှုကိစ္စနှင့်ပတ်သက်၍လည်းကောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးများနှင့် ပဋိပက္ခချဉ်းကပ်ဖြေရှင်းရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၉-၂၀၂၂)

  • ပြည်ပရှိ မြန်မာသံရုံးများသည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး ရည်မှန်းချက်အပြင် မြန်မာနိုင်ငံသားများအကျိုးကိုလည်း ကာကွယ်စောင့်ရှောက် ပေးရမည့်တာဝန်ရှိသဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပေးကြ စေလို။
  • နိုင်ငံတကာဆက်ဆံရေးကဏ္ဍသည် နက်နဲသိမ်မွေ့သည့်ကိစ္စဖြစ်၍ သံရုံးအကြီး အကဲများအနေဖြင့် အမြင်ကျယ်ကျယ်၊ ယုံကြည်ချက်၊ ခံယူချက်ရှိရှိဖြင့် လုပ်ကိုင် ဆောင်ရွက်သွားကြရန်နှင့် မိမိလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ပြီး အချင်းချင်း အပြန်အလှန်လေးစားမှု စိတ်ဓာတ်ရှိစေရန်လည်း ထိန်းကြောင်းကြပ်မတ်သွားကြရန်လို။

Add new comment

Switch to plain text editor