နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် စက်တင်ဘာလ ၄ ရက်တွင် စစ်တွေမြို့ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းမနှင့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲခန်းမများတွင်လည်းကောင်း၊ စက်တင်ဘာလ ၅ ရက်တွင် မောင်တောဒေသရှိ မြို့သူကြီးနယ်မြေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် ကျီးကန်းပြင်နယ်မြေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်များတွင်လည်းကောင်း ဦးစီးဌာနများရှိ ဝန်ထမ်းများ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေး အမှာစကားပြောကြားရာတွင်-
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တာဝန်ယူထားသည့် နယ်စပ်ဒေသစခန်းအား ရက်အတန်ကြာပိတ်ဆို့ကာ သာလွန်အင်အားအများအပြားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် (ငါမသေ၊ ငါ့စခန်းမကျစေရ)ဆိုသည့် ခိုင်မာသော သံန္နိဋ္ဌာန်စိတ်ဖြင့် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြရသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးကျူးပါကြောင်း။
- ရဲတပ်ဖွဲ့မှ ကျင့်သုံးနေသည့် ရဲကျင့်ဝတ်အပါး (၇၀)အား တပ်ဖွဲ့ဝင်အားလုံး သိရှိလိုက်နာပြီး အစဉ်အလာ(၁၂)ရပ်တွင်ပါရှိသည့် လုံခြုံရေးကိစ္စရပ်များအား နောင်တော် တပ်မတော်နှင့် လက်တွဲကာ ယခုကဲ့သို့ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
- နိုင်ငံတော်မှ ချမှတ်ထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့များဖြင့် စစ်ကြောင်းကြီး (၅)ကြောင်း လှုပ်ရှားမှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး။
- မိသားစုများအနေဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ယခုထက် ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရေးတို့ကို အသေးစိတ်မှာကြားပြီး နေရာဒေသတစ်ခုချင်းစီမှ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား ပွင့်လင်းစွာ ဆန္ဒဖော်ထုတ်တင်ပြစေပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ပါသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် မောင်တောဒေသရှိ ပြည်နယ်မီးသတ်ဦးစီးဌာနတွင် မီးသတ်ယာဉ်များ ကြံ့ခိုင်မှုကိုစစ်ဆေးခြင်း၊ စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသားများ၏ နေထိုင်စားသောက်မှုများ၊ ချက်ပြုတ်ကျွေးမွေးနေမှုနှင့် ရေ၊ မီး၊ မိလ္လာရရှိမှုကိစ္စရပ်များကို အဆောင်တစ်ဆောင်ချင်းစီ အသေးစိတ်ကြည့်ရှုစစ်ဆေးခြင်းနှင့် စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များအား E-ID Software Program me ဖြင့် Server အတွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၉-၂၀၂၂)
- ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်မှ တပ်ဖွဲ့၊ ဦးစီးဌာနများရှိ ဝန်ထမ်းများ၊ ရဲမေမိသားစုများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ပြည်နယ်မီးသတ်ဦးစီးဌာနတွင် မီးသတ်ယာဉ်များ ကြံ့ခိုင်မှုကိုစစ်ဆေးခြင်း၊ စစ်တွေအကျဉ်းထောင်သို့ သွားရောက်ကြည့်ရှု့စစ်ဆေးခြင်းနှင့် စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များအား E-ID Software Program me ဖြင့် Server အတွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ခဲ့။
Add new comment