ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ ထုတ်ပြန်ချက်မှ ကောက်နုတ်ချက်

          ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ၏ ထုတ်ပြန်ချက်မှ ကောက်နုတ်ချက်မှာ-

  • ၂၀၁၈ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့် စပ်လျဉ်းသော လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းမှ ပယ်ဖျက်ရေးအတွက် ပဋိပက္ခနှင့်စပ်လျဉ်းသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique) ကို မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ၇-၁၂-၂၀၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့။
  • မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို တားဆီးကာကွယ်ရန် သန္နိဋ္ဌာန်ရှိသည်နှင့်အညီ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၃၁-၃-၂၀၂၁ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့။
  • ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ၁၀-၁၁-၂၀၂၁ ရက်မှ ၁၀-၁၁-၂၀၂၂ ရက်အထိ စီမံချက်ကာလ တစ်နှစ်သတ်မှတ်ထားပြီး ဒုတိယသုံးလပတ်အတွက် အကောင်အထည်ဖော်လျက်ရှိ။
  • လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ ကို ၄-၇-၂၀၂၂ ရက်တွင် အထူးကိုယ်စားလှယ်ရုံးသို့ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အစဉ်အလာမပြတ်ထိန်းသိမ်းခဲ့သော်လည်း ၂၉-၃-၂၀၂၂ ရက်၌ ထုတ်ပြန်ခဲ့သည့် ပဋိပက္ခနှင့် ဆက်စပ်သော လိင်အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၁ ခုနှစ် အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် မြန်မာနိုင်ငံကို ထပ်မံထည့်သွင်းခဲ့ကြောင်း စိတ်ပျက်ဖွယ်တွေ့ရှိရ။
  • ကုလသမဂ္ဂအနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် စွပ်စွဲမှုများပြုလုပ်ပါက အဆိုပါနိုင်ငံ့အစိုးရ၏ တုံ့ပြန်ချက်များကိုလည်း မျှတစွာ ထည့်သွင်းဖော်ပြရသည်မှာ အများလက်ခံထားသော မူဖြစ်သော်လည်း ထိုသို့ဆောင်ရွက်ရမည့်အစား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးသည် အစီရင်ခံစာပါ စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာနိုင်ငံနှင့် စိစစ်ရန် ပျက်ကွက်ခဲ့သည့်အပြင် အစီရင်ခံစာတွင် အစိုးရက ပေးပို့ထားသော အချက်အလက်များကို ချန်လှပ်ခဲ့။
  • အဆိုပါ အစီရင်ခံစာတွင် တပ်မတော်နှင့်ရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်ကြောင်း သတင်းရရှိသည်ဟု သိမ်းကျုံးစွပ်စွဲထားသော်လည်း ဖြစ်စဉ်ဖြစ်ပွားခဲ့သော နေရာ၊ နေ့ရက်နှင့် အချိန်စသည်ဖြင့် စိစစ်နိုင်သော အချက်အလက်များပါဝင်ခြင်းမရှိသဖြင့် ယင်းအစီရင်ခံစာသည် ယုံကြည်လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် မြန်မာနိုင်ငံကို နိုင်ငံရေးအခြေခံဖြင့် သိက္ခာချရန် ပိုမိုရည်ရွယ်ကြောင်း သက်သေပြလျက်ရှိ။
  • တပ်မတော်သားများအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် ပြစ်မှုများ မကျူးလွန်စေရန် အရပ်ဘက်ဥပဒေအပြင် စစ်ဘက်ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရပြီး ပြစ်မှုကျူးလွန်ကြောင်း ဖော်ထုတ်တွေ့ရှိပါကလည်း ပြင်းထန်ထိရောက်စွာ အရေးယူအပြစ်ပေးလျက်ရှိပြီး အဓမ္မပြုကျင့်၊ လူသတ်မှု ကျူးလွန်သူများကို အမြင့်ဆုံးပြစ်ဒဏ်အထိ ချမှတ်ဆောင်ရွက်လျက်ရှိ။
  • ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ရှိ ဖာခတ်ကျေးရွာတွင် တပ်မတော်သားတစ်ဦးမှ အမျိုးသမီးတစ်ဦးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လုံးဝလက်မခံသည့်မူနှင့်အညီ အများပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ စစ်ဆေးခဲ့ပြီး ၎င်းကိစ္စကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် အများပြည်သူသို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်။
  • စနစ်တကျ လေ့ကျင့်သင်ကြားပေးထားသည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများအနေဖြင့်လည်း အကြမ်းဖက်ခံရသူများနှင့်တွေ့ဆုံပြီး ၎င်းတို့၏လုံခြုံရေး၊ ကျန်းမာရေး၊ စိတ်ဓာတ်ပိုင်း၊ လူမှုရေးပိုင်းနှင့် ဥပဒေပိုင်းဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းနှင့် စွမ်းဆောင်ရည်ပြန်လည်မြှင့်တင်ပေးရေးဆိုင်ရာ လိုအပ်သည့်အကူအညီများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ၅-၁-၂၀၂၂ ရက်မှစ၍ ပြည်သူများ လက်လှမ်းမီတိုင်ကြားနိုင်ရေးအတွက် Viber နှင့် Helpline-DSW Facebook Page တို့ကဲ့သို့ အွန်လိုင်းဆက်သွယ်ရေးလမ်းကြောင်းများထားရှိ၍ တိုင်ကြားနိုင်ကြောင်း သတင်းစာများ၊ မြန်မာ့ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှ ပြည်သူများသို့ အသိပေး ဆောင်ရွက်လျက်ရှိ။

        ကော်မတီအနေဖြင့်လည်း ဖြစ်စဉ်အခြေအနေအရ သီးခြားလုံခြုံမှုပေးရမည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် စင်တာ (One Stop Women Support Center-OSWSC) များကို ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် ဖွင့်လှစ်ထားရှိပြီး ကာကွယ်စောင့်ရှောက်လျက်ရှိပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ရပ်များ ဖြေရှင်းပေးရာတွင် တရားရင်ဆိုင်နိုင်ရေး၊ ခရီးစရိတ်နှင့် ပြန်လည်ရပ်တည်ရေးအတွက် အကြမ်းဖက်ခံရသူများ၏ လိုအပ်ချက်အပေါ်မူတည်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ထောက်ပံ့မှုစရိတ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၉-၂၀၂၂ )

  • မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို တားဆီးကာကွယ်ရန် သန္နိဋ္ဌာန်ရှိသည်နှင့်အညီ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၃၁-၃-၂၀၂၁ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့။
  • မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အစဉ်အလာမပြတ် ထိန်းသိမ်းခဲ့သော်လည်း  ၂၉-၃-၂၀၂၂ ရက်၌ ထုတ်ပြန်ခဲ့သည့် ပဋိပက္ခနှင့် ဆက်စပ်သော လိင်အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၁ ခုနှစ် အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် မြန်မာနိုင်ငံကို ထပ်မံထည့်သွင်းခဲ့ကြောင်း စိတ်ပျက်ဖွယ် တွေ့ရှိရ။
  • ကုလသမဂ္ဂအနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် စွပ်စွဲမှုများပြုလုပ်ပါက အဆိုပါနိုင်ငံအစိုးရ၏ တုံ့ပြန်ချက်များကိုလည်း မျှတစွာ ထည့်သွင်းဖော်ပြရသည်မှာ အများလက်ခံထားသော မူဖြစ်သော်လည်း ထိုသို့ဆောင်ရွက်ရမည့်အစား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးသည် အစီရင်ခံစာပါ စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာနိုင်ငံနှင့် စိစစ်ရန် ပျက်ကွက်ခဲ့သည့်အပြင် အစီရင်ခံစာတွင် အစိုးရက ပေးပို့ထားသော အချက်အလက်များကို ချန်လှပ်ခဲ့။
  • တပ်မတော်သားများအနေဖြင့် အရပ်ဘက်ဥပဒေအပြင် စစ်ဘက်ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရပြီး ပြစ်မှုကျူးလွန်ကြောင်း ဖော်ထုတ်တွေ့ရှိပါကလည်း ပြင်းထန်ထိရောက်စွာ အရေးယူအပြစ်ပေးလျက်ရှိ။
  • လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ရပ်များ ဖြေရှင်းပေးရာတွင် တရားရင်ဆိုင်နိုင်ရေး၊ ခရီးစရိတ်နှင့် ပြန်လည်ရပ်တည်ရေးအတွက် အကြမ်းဖက်ခံရသူများ၏ လိုအပ်ချက်အပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ထောက်ပံ့မှုစရိတ်များ ဆောင်ရွက်ပေးလျက်ရှိ။

 

Add new comment