ဇန်နဝါရီလ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၇/အရှေ့)ရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းအနီး၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်းသိရှိရသဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လက်လုပ်မိုင်းပေါက်ကွဲထားသည့်နေရာ၌ PVC ပိုက် အပိုင်းအစများနှင့် အဆိုပါနေရာ၏ ပေ ၂၀ ခန့်အကွာတွင် PVC ပိုက် ၁ ခုနှင့် ကီးပက် ဖုန်း ၁ လုံးတို့ကို ဝါယာကြိုးဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းရမိခဲ့သည်။
PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော စာသင်ကျောင်းများကို အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲပြီး ကျောင်းသားလူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်လာစေရန် ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိပါသည်။ NUG အဖွဲ့၏စေခိုင်းချက်အရ PDF အမည်ခံ အကြမ်းဖက်သမားများသည် အေးချမ်းစွာ ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူ များအား ပညာသင်ကြားမှုမပြုလုပ်နိုင်ရေး ယခုကဲ့သို့စာသင်ကျောင်းများအနီး ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်နေခြင်းအပေါ် မိဘပြည်သူများက စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိပြီး ၎င်းတို့၏ သား၊သမီးများ အေးချမ်းတည်ငြိမ်စွာဖြင့် ပညာသင်ကြားနိုင်ရေးကို လိုလားလျက်ရှိ ပါသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
- သာကေတမြို့နယ်၌ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းအနီး၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်း များဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့။
- NUG အဖွဲ့၏စေခိုင်းချက်အရ PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာ ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအား ပညာသင်ကြားမှုမပြုလုပ်နိုင်ရေး ယခုကဲ့သို့စာသင်ကျောင်းများအနီး ဖောက်ခွဲ ဖျက်ဆီးမှုများပြုလုပ်နေခြင်းအပေါ် မိဘပြည်သူများက စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိပြီး ၎င်းတို့၏သား၊သမီးများ အေးချမ်းတည်ငြိမ်စွာဖြင့် ပညာသင်ကြားနိုင်ရေးကို လိုလားလျက်ရှိ။