ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ပြန်လည်လွှဲပို့သည့် မိသားစုထံပို့ငွေများကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြန်လည်လွှဲပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၅ ရက်တွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက-
-
ပြည်ပသို့ သွားရောက်လုပ်ကိုင်နေသူများထံမှ မိသားစုထံပို့ငွေ၊ မိခင်နိုင်ငံသို့ ပြန်လွှဲငွေများသည် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်သော်လည်းကောင်း၊ နိုင်ငံခြားငွေရှာဖွေရေးအတွက်သော်လည်းကောင်း အရေးကြီးကဏ္ဍတွင် ပါဝင်နေသည့်အတွက် မိသားစုထံပို့ငွေနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။
-
အေဂျင်စီများအနေဖြင့် မိမိစေလွှတ်သည့် အလုပ်သမားများအား ၎င်းတို့ရရှိသည့် လုပ်အားခများကို မိသားစုများထံသို့ တရားဝင်လွှဲပြောင်းပေးပို့နိုင်ရေး ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
-
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့်အညီ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများကို သတ်မှတ်ချက်နှင့်အညီစိစစ်၍ အလုပ်သမားများ စေလွှတ်ခွင့်ပြုပေးလျက်ရှိကြောင်း။
-
ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံသို့လွှဲပို့နေသည့် မိသားစုထံပို့ငွေစာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၄ ခုနှစ်မှစတင်၍ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အခြားနိုင်ငံဟူ၍ ခွဲခြားပေးပို့ခဲ့ရာ ၇/၂၀၂၂ လအထိ မိသားစုလွှဲငွေရရှိမှုမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စာရင်းအရ အမေရိကန်ဒေါ်လာ ၆,၁၅၂ ဒသမ ၀၄၄ သန်းရှိကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ်များအပါအဝင် ၄၀ ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၉-၂၀၂၂)
-
ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံသို့လွှဲပို့နေသည့် မိသားစုထံပို့ငွေစာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၄ ခုနှစ်မှစတင်၍ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အခြားနိုင်ငံဟူ၍ ခွဲခြားပေးပို့ခဲ့ရာ ၇/၂၀၂၂ လအထိ မိသားစုလွှဲငွေရရှိမှုမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စာရင်းအရ အမေရိကန်ဒေါ်လာ ၆,၁၅၂ ဒသမ ၀၄၄ သန်းရှိ။
Add new comment