ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၏ စားသောက်မှုအဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့်ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိပါသည်။
ဩဂုတ်လ ၁ ရက်မှစတင်၍ စက်တင်ဘာလ ၄ ရက်အထိ ရောင်းချပေးလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မြို့နယ်များ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မြို့နယ်များ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့၊ မိုင်းဖြတ်မြို့နှင့် မိုင်းဆတ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့၊ ကျုံပျော်မြို့၊ ဟင်္သာတမြို့၊ မြန်အောင်မြို့၊ မြောင်းမြမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့၊ ဖျာပုံမြို့နှင့် မော်လမြိုင်ကျွန်းမြို့၊ ပဲခူးတိုင်းဒေသကြီးရှိ ပြည်မြို့တို့၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတော်သားများ၊ သက်ဆိုင်ရာမြို့နယ်များမှ ဆန်လုပ်ငန်းရှင်အသင်းများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူတို့က ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်နှင့် စည်သွပ်ဘူးများစသည့် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၅-၉-၂၀၂၂)
- ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး အထောက်အကူပြုရန် တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့်ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များ၊ တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိ။
Add new comment