NUG၊ CRPH၊ PDF အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင်လျက်ရှိသောနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်းကို လုပ်ဆောင်လျက်ရှိရာ-
· ဇန်နဝါရီလ ၁ ရက်တွင် ထန်တလန်မြို့၊ အမှတ်(၁)ရပ် ကွက်အတွင်းရှိ လူနေအိမ်များအား PDF အကြမ်းဖက်သမား များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် (၁၀)လုံးအပြင် ဆေးရုံရှိနားနေဆောင် ၁ လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး (စုစုပေါင်းခန့်မှန်း ငွေကျပ် ၂၂၅ သိန်းခန့်) ပျက်စီးခဲ့။
· ထန်တလန်မြို့အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်န ဝါရီလ ၁ ရက်အတွင်း PDF အကြမ်းဖက်သမားများက (၁၁)ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးရာတွင် လူနေအိမ် ၁၆၂ လုံး၊ ဆေးရုံ/နားနေဆောင် ၁ ခု၊ ခရစ်ယာန် ဘုရားကျောင်း ၃ ကျောင်း၊ ဈေးဆိုင်ခန်း ၇ ခန်း (စုစုပေါင်းခန့်မှန်းငွေကျပ် ၃,၉၃၈ သိန်းခန့်) ပျက်စီးခဲ့ပါသည်။
အကြမ်းဖက်သမားက ထို့သို့ထန်တလန်မြို့အား (၁၁)ကြိမ်တိုင်တိုင် မီးရှို့ထွက်ပြေးခဲ့ပြီးနောက် မီးငြိမ်းသတ်ရန်လာရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသည့် အသွင်သဏ္ဍန်များဖြင့် မီးလောင်နေသည့်အိမ်များ၊ နေရာများအား ဒရုန်း(Drone)ဖြင့် ရိုက်ကူးကာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် သတင်းအမှားများဖန်တီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြည်သူလူထုမှ အထင်မြင်လွဲမှားစေရန် ပြည်ပမီဒီယာများနှင့် ချိတ်ဆက်ပြီး သတင်းအတုအယောင်များ လုပ်ကြံဖန်တီးလျက်ရှိပါသည်။
အကြမ်းဖက်အဖွဲ့အစည်းများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို မကြာခဏ လုပ်ဆောင်၍ လူမှုကွန်ရက်စာမျက်နှာများမှတဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့်ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးရှိစေရေး အတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
- ဇန်နဝါရီလ ၁ ရက်တွင် ထန်တလန်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား PDF အကြမ်းဖက်သမား များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် (၁၀)လုံးအပြင် ဆေးရုံရှိနားနေဆောင် ၁ လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး (စုစုပေါင်းခန့်မှန်း ငွေကျပ် ၂၂၅ သိန်းခန့်) ပျက်စီးခဲ့။
- ထန်တလန်မြို့အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်အတွင်း PDF အကြမ်း ဖက်သမားများက (၁၁)ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးရာတွင် လူနေအိမ် ၁၆၂ လုံး၊ ဆေးရုံ/နားနေဆောင် ၁ ခု၊ ခရစ် ယာန်ဘုရား ကျောင်း ၃ ကျောင်း၊ ဈေးဆိုင်ခန်း ၇ ခန်း (စုစုပေါင်းခန့်မှန်း ငွေကျပ် ၃,၉၃၈ သိန်း ခန့်) ပျက်စီးခဲ့။
- အကြမ်းဖက်သမားက ထို့သို့ထန်တလန်မြို့အား (၁၁)ကြိမ်တိုင်တိုင် မီးရှို့ထွက်ပြေးခဲ့ပြီးနောက် မီးငြိမ်းသတ်ရန် လာရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသည့် အသွင်သဏ္ဍန်များဖြင့် မီးလောင်နေသည့်အိမ်များ၊ နေရာများအား ဒရုန်း(Drone)ဖြင့် ရိုက်ကူးကာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် သတင်းအမှားများဖန်တီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြည်သူလူထုမှ အထင်မြင်လွဲမှားစေရန် ပြည်ပမီဒီယာများနှင့်ချိတ်ဆက်ပြီး သတင်း အတုအယောင်များ လုပ်ကြံဖန်တီးလျက်ရှိ။