မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ သတင်းအတု၊ သတင်းအမှားများနှင့်ပတ်သက်၍ နိုင်ငံတကာသတင်းမီဒီယာကောင်စီများအား ရှင်းလင်းပြောကြား

        မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းများနှင့် ပတ်သက်၍ နိုင်ငံတကာသတင်းဖြန့်ချိမှုများတွင် လွဲချော်နေမှုများရှိသည့်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များအနေဖြင့် ၂၀၂၂ ခုနှစ်၊ မေလတွင် ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့၊  ကမ္ဘာ့သတင်းမီဒီယာကောင်စီ World Association of Press Councils (WAPC) တွင် ကျင်းပခဲ့သော နိုင်ငံ ၂၃ နိုင်ငံတက်ရောက်ခဲ့သည့်  ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားနှင့် ဩဂုတ်လတွင် တီမောလက်စ်တေနိုင်ငံ၌ ကျင်းပခဲ့သော နိုင်ငံ ၅ နိုင်ငံ တက်ရောက်ခဲ့သည့်  Dili Dialogue Forum 2022 တို့တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မှန်ကန်သော သတင်းအချက်အလက်များကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံတကာသတင်းမီဒီယာကောင်စီဝင်များအား သတင်းအမှန်သိအောင် ချပြနိုင်ခဲ့ပါသည်။

         မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ဒုတိယသက်တမ်းကာလတွင် နိုင်ငံတကာသတင်းမီဒီယာကောင်စီနှင့်ပူးပေါင်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးဆောင်ရွက်မှုများနှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ တီမောလက်စ်တေနိုင်ငံတို့နှင့် မီဒီယာကဏ္ဍဆိုင်ရာသတင်းအချက်အလက်နှင့်ပတ်သက်၍ ချိတ်ဆက်ဆွေးနွေးခြင်း၊ ပြည်တွင်းတွင် သတင်းမီဒီယာသမားများအတွက် သတင်းတု၊ သတင်းမှန်များကို သိရှိရေးအတွက် သင်တန်းများပို့ချပေးခြင်း၊ သတင်းမှန်များ မြန်ဆန်စွာသိရှိနိုင်စေရန် သတင်းမီဒီယာကောင်စီမှ သတင်းမီဒီယာဖွံ့ဖြိုးရေးကဏ္ဍတစ်ရပ်ကို ဖွဲ့စည်းထားပြီး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၉-၂၀၂၂)

  • မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များအနေဖြင့် နိုင်ငံ ၂၃ နိုင်ငံတက်ရောက်ခဲ့သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားနှင့် ၅ နိုင်ငံတက်ရောက်ခဲ့သည့်  Dili Dialogue Forum 2022 တို့တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မှန်ကန်သော သတင်းအချက်အလက်များကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံတကာသတင်းမီဒီယာကောင်စီဝင်များအား သတင်းအမှန်သိအောင် ချပြနိုင်ခဲ့။

Add new comment