မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် ၁,၀၀၀ လှူဒါန်း

        မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် ၁,၀၀၀ လွှဲပြောင်းလှူဒါန်းပွဲကို စက်တင်ဘာလ ၂ ရက်တွင် ရန်ကုန်မြို့ရှိ  Asia World Port Terminal ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

       လှူဒါန်းပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ယခုလှူဒါန်းမှုသည် သီရိလင်္ကာပြည်သူများအပေါ်  မြန်မာအစိုးရနှင့် ပြည်သူများ၏ စာနာမှုကိုပြသခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး ဆန်လှူဒါန်းခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

      သီရိလင်္ကာသံအမတ်ကြီးက ဆန်များတင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌထံသို့ ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ပြီး လှူဒါန်းပေးရန် စီမံဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများကို အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံ၏ လတ်တလော အခြေအနေတွင် ယခုကဲ့သို့လှူဒါန်းခြင်းသည် များစွာအထောက်အကူဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၉-၂၀၂၂)

  • စက်တင်ဘာလ ရက်တွင် မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် ,၀၀၀ လွှဲပြောင်းလှူဒါန်းခဲ့။
  • ယခုလှူဒါန်းမှုသည် သီရိလင်္ကာပြည်သူများအပေါ်  မြန်မာအစိုးရနှင့် ပြည်သူများ၏ စာနာမှုကိုပြသခြင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်။

Add new comment