အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council-NRSC) ပထမအကြိမ်အစည်းအဝေးကို စက်တင်ဘာလ ၂ ရက်တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ရာတွင်-
- မြန်မာနိုင်ငံ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို National Road Safety Action Plan(2021-2030) နှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ယခင် NRSC ၏ လုပ် ဆောင်ခဲ့မှုများအပေါ် ပြန်လည်သုံးသပ်ပြီး ပိုမိုတိုးတက်အောင်မြင်စေမည့် ရှေ့လုပ်ငန်းစဉ်များနှင့် အစီအမံများဖော်ဆောင်နိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
- ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုသည်မှာ ယာဉ်မတော်တဆ ဖြစ်မှုများနှင့် အဆိုပါမတော်တဆမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများ လျော့နည်းကျဆင်းသွားရန်၊ ထိုမှတစ်ဆင့် လုံးဝပပျောက်သွားအောင် စီမံအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
- ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်ပွားမှုများသည် အလွန်ကြီးမားသည့်ခြိမ်းခြောက်မှုအဖြစ် တဖြည်းဖြည်းကြီးထွားလာနေခြင်းကို ဟန့်တားထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာတစ်ဝန်းလုံးတွင် Road Safety ကိစ္စရပ်ကို အထူးအလေးနက်ထား ဆောင်ရွက်လာကြသည်မှာ ဒုတိယဆယ်စုနှစ်အတွင်း ရောက်လာခဲ့ပြီဖြစ်ကြောင်း။
- ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ရပ် ဖြစ်လာသည့်အတွက် Decade of Action for Road Safety လှုပ်ရှားမှုများ အလေးထားဆောင်ရွက်နေကြသကဲ့သို့ တစ်ဖက်တွင်လည်း ကမ္ဘာလုံးဆိုင်ရာ Sustainable Development Goals (SDG)၏ Article 3.6 တွင် ယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရေး ရည်မှန်းထည့်သွင်းရေးဆွဲပြီး ကမ္ဘာ့နိုင်ငံအသီးသီးက တက်ညီလက်ညီ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြကြောင်း။
- မြန်မာနိုင်ငံအနေဖြင့် တာဝန်သိ၊ တာဝန်ကျေသည့် ကမ္ဘာ့မိသားစုဝင်နိုင်ငံတစ်နိုင်ငံပီသစွာ အကောင်းဆုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
- ကမ္ဘာလုံးဆိုင်ရာ Decade of Action for Road Safety ကို အကောင်အထည်ဖော်ရာတွင် “ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကြီးကြပ်မှု (Road Safety Management)”၊ “ပိုမိုအန္တရာယ်ကင်းသော လမ်းများနှင့် ယာဉ်သွားလာမှု (Safer Road and Mobility)”၊ “ပိုမိုအန္တရာယ်ကင်းသောယာဉ်များ (Safety Vehicles)”၊ “ပိုမိုအန္တရာယ်ကင်းသည့် လမ်းအသုံးပြုသူများ (Safer Road Users)”နှင့် “ယာဉ်တိုက်ခိုက်မှုဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက်မှု(Post-Crash Response)” ဆိုသည့် မဏ္ဍိုင်ကြီး(၅)ရပ်ကို ချမှတ်ဖော်ဆောင်လျက်ရှိကြောင်း။
- မြန်မာနိုင်ငံ၏ ယခင် NRSC များအနေဖြင့် အဆိုပါမဏ္ဍိုင်ကြီး (၅)ရပ်ကို အခြေပြု၍ Road Safety လုပ်ငန်းစဉ်များကို အလေးထားကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး ထိုက်သင့်သည့် တိုးတက်အောင်မြင်မှုများလည်း ရရှိခဲ့ကြပြီးဖြစ်ကြောင်း။
- ယခုယာဉ်အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှု၏ ဒုတိယဆယ်စုနှစ်ကာလအတွက် ရေးဆွဲအတည်ပြု ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည့် Myanmar National Road Safety Action Plan (2021-2030) ပါ ရည်မှန်းချက်များ၊ လုပ်ငန်းအစီအမံများနှင့်အညီ မိမိတို့ NRSC အနေဖြင့် ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
- Road Safety ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လမ်းအသုံးပြုသူများကို လေ့ကျင့်ပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ခိုင်ခိုင်မာမာပြဋ္ဌာန်းခြင်း၊ စည်းကမ်းလိုက်နာရန် တွန်းအားပေးခြင်းနှင့် စစ်ဆေးအရေးယူခြင်းတို့ကို အလေးထားဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ မော်တော်ယာဉ်များအသုံးပြုမှုနှင့် ကြံ့ခိုင်မှုကို စနစ်တကျစစ်ဆေးကြပ်မတ်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအစီအမံများ ပြည့်ပြည့်စုံစုံတပ်ဆင်စေခြင်းကိုလည်း စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- Road Safety နှင့်ပတ်သက်၍ Strategy, Structure, Skills, Shared, Systems, Staff, Style ဆိုသည့် 7s Implementation Framework ကို အခြေခံကာ ချဉ်းကပ်လေ့လာသုံးသပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
- ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေတွက်ချက်မှု အခြေခံနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ်သေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရေး အဓိကရည်မှန်းချက်ကို မျက်ခြေပြတ်မခံဘဲ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြို့တော်ဝန်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၉-၂၀၂၂)
- ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာသည့်အတွက် Decade of Action for Road Safety လှုပ်ရှားမှုများ အလေးထား ဆောင်ရွက်နေကြသကဲ့သို့ တစ်ဖက်တွင်လည်း ကမ္ဘာလုံးဆိုင်ရာ Sustainable Development Goals (SDG)၏ Article 3.6 တွင် ယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရေး ရည်မှန်းထည့်သွင်းရေးဆွဲပြီး ကမ္ဘာ့နိုင်ငံအသီးသီးက တက်ညီလက်ညီ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
- မြန်မာနိုင်ငံအနေဖြင့် တာဝန်သိ၊ တာဝန်ကျေသည့် ကမ္ဘာ့မိသားစုဝင်နိုင်ငံတစ်နိုင်ငံပီသစွာ အကောင်းဆုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်။
- ကမ္ဘာလုံးဆိုင်ရာ Decade of Action for Road Safety ကို အကောင်အထည်ဖော်ရာတွင် “ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကြီးကြပ်မှု (Road Safety Management)”၊ “ပိုမိုအန္တရာယ်ကင်းသောလမ်းများနှင့် ယာဉ်သွားလာမှု (Safer Road and Mobility)”၊ “ပိုမိုအန္တရာယ်ကင်းသောယာဉ်များ (Safety Vehicles)”၊ “ပိုမိုအန္တရာယ်ကင်းသည့် လမ်းအသုံးပြုသူများ (Safer Road Users)”နှင့် “ယာဉ်တိုက်ခိုက်မှု ဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက်မှု(Post-Crash Response)” ဆိုသည့် မဏ္ဍိုင်ကြီး(၅)ရပ်ကို ချမှတ်ဖော်ဆောင်လျက်ရှိ။
- Road Safety ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လမ်းအသုံးပြုသူများကို လေ့ကျင့်ပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ခိုင်ခိုင်မာမာပြဋ္ဌာန်းခြင်း၊ စည်းကမ်းလိုက်နာရန် တွန်းအားပေးခြင်းနှင့် စစ်ဆေးအရေးယူခြင်းတို့ကို အလေးထားဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ မော်တော်ယာဉ်များအသုံးပြုမှုနှင့် ကြံ့ခိုင်မှုကို စနစ်တကျစစ်ဆေးကြပ်မတ်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအစီအမံများ ပြည့်ပြည့်စုံစုံတပ်ဆင်စေခြင်းကိုလည်း စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်။
- ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေတွက်ချက်မှု အခြေခံနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ်သေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရေး အဓိကရည်မှန်းချက်ကို မျက်ခြေပြတ်မခံဘဲ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်။
Add new comment