၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၁၃ သန်းကျော်ရရှိ

မြန်မာ့လယ်ယာထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ပဲအမျိုးမျိုးကို အဓိကထားတင်ပို့ပြီး ပြည်တွင်းမှ ပြည်ပပို့ကုန်အနေဖြင့် လယ်ယာထွက်ပစ္စည်းအပြင် တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပစ္စည်းများ တင်ပို့လျက်ရှိပါသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ၂၀၂၁ ခုနှစ် အောက်တို ဘာလမှ ဒီဇင်ဘာလ ၂၄ ရက်အထိ ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၁၃ သန်းကျော်ရရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရပါသည်။

  • မြန်မာ့လယ်ယာထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ပဲအမျိုးမျိုးကို အဓိကထားတင်ပို့လျက်ရှိ။
  • ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၁၃ သန်း ကျော်ရရှိ။