မြန်မာရွှေ့ပြောင်းလုပ်သားများ၏ မိသားစုလွှဲပို့ငွေများ အဆင်ပြေချောမွေ့စွာ ပေးပို့နိုင်ရေး ပုဂ္ဂလိကဘဏ်များ ဝန်ဆောင်မှုပေးလျက်ရှိ

      စက်တင်ဘာလ ၁ ရက်တွင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ်မည့် အလုပ်သမားများကို ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း)လိုင်စင်ရအေဂျင်စီများက စာချုပ်ချုပ်ဆိုပေးခြင်းနှင့် မိသားစုလွှဲပို့ငွေများ အဆင်ပြေချောမွေ့စွာပေးပို့နိုင်ရေးအတွက် ပုဂ္ဂလိကဘဏ်များက ဝန်ဆောင်မှုပေးနေခြင်းများကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ ပင်လုံခန်းမ၌ ဆောင်ရွက်ခဲ့ကြပါသည်-

  • မြန်မာနိုင်ငံသားများအနေဖြင့် လိုင်စင်ရအေဂျင်စီများဖြင့် ချိတ်ဆက်ခြင်းမရှိဘဲ တရားမဝင်ပို့ဆောင်သူ/ပွဲစားများနှင့် ချိတ်ဆက်၍ တရားမဝင်သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝမရရှိခြင်းနှင့် အခြားသော လူ့အခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပြီး အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် MoU လုပ်ငန်းစဉ်အတိုင်း တရားဝင်သွားလာရန်လိုကြောင်း။

  • ပြည်ပမှငွေလွှဲသည့် ဝန်ဆောင်မှုဆောင်ရွက်ခွင့်ရရှိထားသည့် ရွှေဘဏ်၊ ကမ္ဘောဇဘဏ်၊ United Amara ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာမိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီလီမီတက်မှ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများအတွက် မိသားစုလွှဲပို့ငွေများ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း။

  • လိုင်စင်ရအေဂျင်စီများက မြန်မာနိုင်ငံရှိ နိုင်ငံခြားငွေလွှဲပို့နိုင်မည့် ဘဏ်တစ်ခုခုနှင့် ချိတ်ဆက်၍ အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေကို တရားဝင်လွှဲပို့နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်လိုကြောင်း။

  • ထိုင်းနိုင်ငံဘက်နှင့် မြန်မာနိုင်ငံဘက်မှ သတ်မှတ်ထားသည့် ဝန်ဆောင်စရိတ်ထက် ပိုမိုပေးဆောင်ရခြင်းမရှိစေရေးနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခက်အခဲရှိပါက ရွှေ့ပြောင်းအလုပ်သမားဌာနခွဲနှင့် တိုင်ကြားမှုဌာနသို့ တိုင်ကြားနိုင်ကြောင်း သိရှိရပါသည်။

       ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့ရှိ ပြည်ပရောက် မြန်မာနိုင်ငံသားများက ပြန်လည်ပေးပို့သော မိသားစုလွှဲပို့ငွေမှာ အမေရိကန် ဒေါ်လာ ၂၆၄ သန်းကျော်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၉-၂၀၂၂)

  • ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေဖြင့် ထိုင်းနိုင်ငံဘက်နှင့် မြန်မာနိုင်ငံဘက်မှ သတ်မှတ်ထားသည့် ဝန်ဆောင်စရိတ်ထက် ပိုမိုပေးဆောင်ရခြင်း မရှိစေရန်နှင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားငွေလွှဲပို့နိုင်မည့် ဘဏ်တစ်ခုခုနှင့် ချိတ်ဆက်၍ အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေကို တရားဝင်လွှဲပို့နိုင်ရေးအတွက် ကူညီဆောင် ရွက်ပေးရန်။

  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့ရှိ ပြည်ပရောက် မြန်မာနိုင်ငံသားများက ပြန်လည်ပေးပို့သော မိသားစုလွှဲပို့ငွေမှာ အမေရိကန်ဒေါ်လာ ၂၆၄ သန်းကျော်ရှိ။

Add new comment