ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် International Army Games-2022 ပြိုင်ပွဲဝင် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

         ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် International Army Games-2022 ပြိုင်ပွဲကို နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရုရှားနိုင်ငံအပါအဝင် ၁၂ နိုင်ငံ၌ ပြိုင်ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာ့တပ်မတော်အနေဖြင့် တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ၊ Emergency Area ပြိုင်ပွဲ၊ တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ ( 3rd CISM World Cadet Games) များကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

       ထိုသို့ယှဉ်ပြိုင်ခဲ့ရာတွင် မြန်မာ့တပ်မတော်မှ တင့်တပ်ဖွဲ့ဝင်များသည် တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) တွင်  အဆင့် ၁ ၊ ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲတွင် အဆင့် ၄ ၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲတွင်  အဆင့် ၄ ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲတွင် အဆင့် ၇ ၊ Emergency Area ပြိုင်ပွဲတွင် အဆင့် ၄၊ တတိယကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ ( 3rd CISM World Cadet Games) တွင် ပြိုင်ပွဲဝင်နိုင်ငံအလိုက် အဆင့် ၈ ဖြင့် အသီးသီးရပ်တည်နိုင်ခဲ့ပါသည်။ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁ ရက်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တာဝန်ရှိသူများ၊ အရာရှိ/ စစ်သည်၊ မိသားစုများက လေဆိပ်တွင် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၉-၂၀၂၂)

  • International Army Games-2022 ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ တင့်တပ်ဖွဲ့ဝငများသည် တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) တွင် အဆင့် ၁၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲတွင် အဆင့် ၄ ၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင်  အဆင့် ၄၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲတွင် အဆင့် ၇၊ Emergency Area ပြိုင်ပွဲတွင် အဆင့် ၄၊ တတိယကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ ( 3rd CISM World Cadet Games) တွင် ပြိုင်ပွဲဝင်နိုင်ငံအလိုက် အဆင့် ၈ ဖြင့် အသီးသီးရပ်တည်နိုင်ခဲ့။

Add new comment