နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပန်းခင်းစီမံချက်အား ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၎င်းစီမံချက်မှ မဲဆန္ဒရှင် ၃.၈ သန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် “ပန်းခင်း” စီမံ ချက်ဖြင့် ၃-၅-၂၀၂၁ ရက်မှ ၃၁-၁၂-၂၀၂၁ ရက်အထိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးပြီးစီးမှုအခြေအနေများမှာ -
မှတ်ချက်။ ၃(က) = ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား
၆(က) = ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား
တရားဝင် အထစ = တရားဝင် အိမ်ထောင်စုစာရင်း
M အထစ = ရွေ့ပြောင်းအိမ်ထောင်စုလူဦးရေစာရင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ “ပန်းခင်း” စီမံချက် အောင်မြင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တိုင်းဒေသကြီး/ ပြည်နယ်များရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
- တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် “ပန်းခင်း” စီမံချက်ဖြင့် ၃-၅-၂၀၂၁ ရက်မှ ၃၁-၁၂-၂၀၂၁ ရက်အထိ အိမ်ထောင်စု လူဦးရေစာရင်းကတ်ပြား စုစုပေါင်း ၂၇၅,၇၅၇ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(ကိုင်ဆောင်လက်မှတ်)စုစုပေါင်း ၁,၃၄၉,၂၁၄ ခု ထုတ်ပေးခဲ့ပြီးဖြစ်။