လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က-
-
ပြန်လည်ဝင်ရောက်လာကြမည့် ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများအတွက် ပြန်လည်နေရာချထားရေးကိစ္စရပ်များ၊ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ရန်ပုံငွေသုံးစွဲမှုကိစ္စရပ်များ။
-
ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် လိုအပ်သောစားနပ်ရိက္ခာနှင့် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန်အတွက် ထပ်မံလိုအပ်သော ရန်ပုံငွေတင်ပြတောင်းခံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ။
-
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မည့် Comprehensive Needs Assessment (CNA) နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားခဲ့။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမည့်လုပ်ငန်းများအတွက် သက်ဆိုင်ရာဌာနများနှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းကော်မတီဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၉-၂၀၂၂)
-
လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဝင်ရောက်လာကြမည့် ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများအတွက် ပြန်လည်နေရာချထားရေးကိစ္စရပ်များ၊ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ ရန်ပုံငွေသုံးစွဲမှုကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့။
Add new comment