ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် စနစ်တကျဆက်လက်လက်ခံလျက်ရှိ

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်အထိ-

· ကချင်ပြည်နယ်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူ ၄၀၇ ဦး။

· ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူ  ၂၀၂ ဦး။

· တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူ  ၂၄၀ ဦး။

· ရှမ်းပြည်နယ် တာချီလိတ်နယ်စပ်ဂိတ်၊ မူဆယ်နယ်စပ်ဂိတ်နှင့် လောက်ကိုင်နယ်စပ်ဂိတ်တို့မှ ပြန်လည်ဝင်ရောက်လာသူ ၈၃၈ ဦးကိုလည်းကောင်း အသီးသီးလက်ခံခဲ့။

ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့်အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ နေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည်များဆောင်ရွက်ပေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများတွင် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်လက်ခံခဲ့ ရာ ၂၅-၇-၂၀၂၁ ရက်မှ ၂-၁-၂၀၂၂ ရက်အထိ ၅၈,၆၆၈ ဦး ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။

  • ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်အထိ ပြည်ပနိုင်ငံများမှ နေရပ်ပြန်သူစုစုပေါင်း ၁,၆၈၇ ဦးတို့သည် ကန်ပိုက်တီ၊ လွယ်ဂျယ်၊ မြဝတီ၊ ကော့သောင်း၊ တာချီလိတ်၊ မူဆယ်နှင့် လောက်ကိုင်နယ်စပ် ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများတွင် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသား များအား နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်လက်ခံခဲ့ရာ ၂၅-၇-၂၀၂၁ ရက်မှ ၂-၁-၂၀၂၂ ရက်အထိ ၅၈,၆၆၈ ဦး ပြန်လည်ဝင်ရောက်လာခဲ့။