ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မပြန့်ပွားစေရန်အတွက် တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

     ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြည်သူများအား ဦးတည်အုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးခြင်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါသည်-

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဩဂုတ်လ ၃၀ ရက်အထိ လူဦးရေစုစုပေါင်း ၃၆ ဒသမ ၇၂ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၃၃ ဒသမ ၁၉ သန်း၊ ပထမအကြိမ် ထိုးနှံပြီးစီးသူ ၃ ဒသမ ၅၃ သန်းနှင့် Booster ထပ်ဆောင်းထိုးနှံပြီးစီးသူ ၆ ဒသမ ၂၆ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၇၆ ဒသမ ၁၇ သန်းထိုးနှံပြီးဖြစ်။
  • ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ(ဖြေလျှော့ပေးမည့်ကိစ္စရပ်များမပါ)အား စက်တင်ဘာလ ၃၀ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်။
  • ပြည်တွင်း၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှဝင် ရောက်လာသူများနှင့် ပြည်တွင်းကူးစက်ခံရသူများတွင် တွေ့ရှိရသဖြင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ခြင်းနှင့်            ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထား။

    ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၃၀ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၈,၉၀၂ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၈၇ ဦးဖြင့် ရောဂါ ပိုးတွေ့ရှိမှု ၀.၉၈ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၃၀-၈-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈,၇၃၆,၁၀၃ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၁၅,၁၁၇ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၄၃၇ ဦးရှိကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၈-၂၀၂၂)

 

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဩဂုတ်လ ၃၀ ရက်အထိ လူဦးရေစုစုပေါင်း ၃၆ ဒသမ ၇၂ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၃၃ ဒသမ ၁၉ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၃ ဒသမ ၅၃ သန်းနှင့် Booster ထပ်ဆောင်းထိုးနှံပြီးစီးသူ ၆ ဒသမ ၂၆ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၇၆ ဒသမ ၁၇ သန်းထိုးနှံပြီးဖြစ်။
  • မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထား။
  • ၃၀-၈-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈,၇၃၆,၁၀၃ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၁၅,၁၁၇ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၃၇ ဦးဖြစ်ပြီး ၃၀-၈-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၀.၉၈ ရာခိုင်နှုန်းရှိ။

Add new comment