မဲခေါင်-လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အဆောက်အဦဖွင့်လှစ်

       မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၁၈)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအတွက်အသုံးပြုရန် မဲခေါင်-လန်ချန်းစီမံကိန်း သတင်းအချက်အလက်ဗဟိုဌာနအဆောက်အဦဖွင့်ပွဲကို ဩဂုတ်လ ၃၀ ရက်တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပခဲ့ပါသည်။

          အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယာယီတာဝန်ခံ Dr. Zheng Zhihong နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက-

  • ယနေ့ဖွင့်လှစ်သည့် မဲခေါင်-လန်ချန်းစီမံကိန်း သတင်းအချက်အလက်ဗဟိုဌာနသည် မဲခေါင်-လန်ချန်းဒေသတွင်း နိုင်ငံများအကြား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် လယ်ယာကဏ္ဍကျေးလက်ကဏ္ဍဆိုင်ရာ စီမံကိန်းအချက်အလက်များ၊ ညွှန်းကိန်းများကို သတင်းအချက်အလက်ဖလှယ်မှု စင်္ကြန်မှတစ်ဆင့် အပြန်အလှန်ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း။
  • ယခုကဲ့သို့ သတင်းအချက်အလက်ဌာနရှိခြင်းဖြင့် မိမိတို့နိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို စုစည်းခြင်း၊ စာရင်းပြုစုခြင်း၊ စိစစ်ခြင်းပြုလုပ်ရာတွင် အလေ့အကျင့်နှင့် အတွေ့အကြုံများကို မြှင့်တင်နိုင်မည်ဖြစ်ပြီး နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများလည်း အားကောင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံကိန်း(၃၁)ခု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ဖွင့်လှစ်သည့် မဲခေါင်-လန်ချန်းစီမံကိန်း သတင်းအချက်အလက်ဗဟိုဌာနလုပ်ငန်းသည်လည်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၈-၂၀၂၂)

  • ယနေ့ဖွင့်လှစ်သည့် မဲခေါင်-လန်ချန်းစီမံကိန်း သတင်းအချက်အလက်ဗဟိုဌာနသည် မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများအကြား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် လယ်ယာကဏ္ဍကျေးလက်ကဏ္ဍဆိုင်ရာ စီမံကိန်းအချက်အလက်များ၊ ညွှန်းကိန်းများကို သတင်းအချက်အလက်ဖလှယ်မှု စင်္ကြန်မှတစ်ဆင့် အပြန်အလှန်ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း။
  • ယခုကဲ့သို့ သတင်းအချက်အလက်ဌာနရှိခြင်းဖြင့် မိမိတို့နိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို စုစည်းခြင်း၊ စာရင်းပြုစုခြင်း၊ စိစစ်ခြင်းပြုလုပ်ရာတွင် အလေ့အကျင့်နှင့် အတွေ့အကြုံများကို မြှင့်တင်နိုင်မည်ဖြစ်ပြီး နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများလည်း အားကောင်းလာမည်ဖြစ်။
  • မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံကိန်း(၃၁)ခု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ဖွင့်လှစ်သည့်မဲခေါင်-လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာနလုပ်ငန်းသည်လည်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်။

Add new comment