နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

         နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့၏ တွေ့ ဆုံဆွေးနွေးပွဲကို  ဩဂုတ်လ ၃၀ ရက်တွင်  နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

       ဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်တို့က-

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ဇယား ပြည်ထောင်စုဥပဒေပြုစာရင်းနှင့်   ဇယား   တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်၍လည်းကောင်း၊
  • () ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ  ဆက်လက်ညှိနှိုင်းဆွေးနွေးရမည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများ (ဇယား ၂)ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက ၎င်းတို့၏ ဆန္ဒသဘောထားများနှင့် လိုလားချက်များကို အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။

          တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့်    RCSS ဥက္ကဋ္ဌ   ဗိုလ်ချုပ်ကြီးယွက်စစ်၊  အတွင်းရေးမှူး(စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို့ တက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၈-၂၀၂၂)

  • ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ဇယား ပြည်ထောင်စုဥပဒေပြုစာရင်းနှင့်   ဇယား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်၍ လည်းကောင်း၊
  • () ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ  ဆက်လက်ညှိနှိုင်းဆွေးနွေးရမည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများ (ဇယား၂)ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက   ၎င်းတို့၏ ဆန္ဒသဘောထားများနှင့် လိုလားချက်များကို အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့။

 

Add new comment