နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၂၉ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
- စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ။
- ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တို့ကိုအခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဖက်ဒရယ်စနစ်ကျင့်သုံးဆောင်ရွက်ရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ ပြည်သူလူထုတို့၏ လူနေမှုဘဝမြှင့်တင်ရေး၊ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများပပျောက်ရေးဆိုင်ရာများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သဘောထားအမြင်များကို တင်ပြဆွေးနွေးခဲ့ရာ ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
- နိုင်ငံတော်၏ ပထဝီဝင်အနေအထားအရ အရေးပါမှုနှင့် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးဆောင်ရွက်နေသည့်အခြေအနေများ။
- ကမ္ဘာပေါ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက်သည့်နိုင်ငံအများအပြားရှိကြပြီး မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထား၊ အမျိုးသားရေးစရိုက်လက္ခဏာ၊ ယဉ်ကျေးမှုတို့နှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်ကျင့်သုံးဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများ။
- စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်များပြည့်စုံရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ပြီး ပညာတတ်များပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ။
- တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး RCSS အဖွဲ့ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး(၁)စဝ်စိုင်းငင်းနှင့် ဗဟိုအလုပ်အမှုဆောင် စဝ်ဆောင်းဟန်တို့တက်ရောက်ခဲ့ကြပါသည်။
သတင်းရင်းမြစ်။ (မြဝတီရုပ်မြင်သံကြား ၂၉-၈-၂၀၂၂)
- စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
- ကမ္ဘာပေါ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက်သည့်နိုင်ငံအများအပြားရှိကြပြီး မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထား၊ အမျိုးသားရေးစရိုက်လက္ခဏာ၊ ယဉ်ကျေးမှုတို့နှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်ကျင့်သုံးဆောင်ရွက်ရန်လိုအပ်။
- စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်များပြည့်စုံရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ပြီး ပညာတတ်များပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိ။
- တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ။
Add new comment