ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူ စုစုပေါင်း ၁၂၁,၉၆၆ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ်အဖြစ်  ပြည်သူစုစုပေါင်း ၃၁,၇၈၁ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၂ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ၁,၃၂၄ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၁,၁၆၉ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပြီး ဇန်နဝါရီလ ၂ ရက်အထိ ကျောင်းသား/သူစုစုပေါင်း ၁,၄၉၈,၈၃၁ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။

· ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဇန်နဝါရီလ ၂ ရက်အထိ လူဦးရေစုစုပေါင်း ၂၀ ဒသမ ၈ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၅ ဒသမ ၆ သန်းနှင့် ပထမ အကြိမ်ထိုးနှံပြီးစီးသူ ၅ ဒသမ ၂ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၃၆ ဒသမ ၄ သန်း ထိုးနှံပြီးဖြစ်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂ ရက်တွင် ဓာတ်ခွဲနမူနာ  စုစုပေါင်း ၆,၉၀၇ ခုအား စစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၉ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၁၄ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၅၅,၈၇၂ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၁,၀၂၅ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၂၇၄ ဦးရှိကြောင်း သိရှိရပါသည်။

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၂၁,၉၆၆ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၃၁,၇၈၁ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
  • ၂-၁-၂၀၂၂ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစု ပေါင်း ၁,၄၉၈,၈၃၁ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • ၂-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၅၅,၈၇၂ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၁,၀၂၅ ဦး နှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၇၄ ဦးဖြစ်ပြီး ၂-၁-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၁၄ ရာခိုင်နှုန်းရှိ။