တီမောလက်စ်တေနိုင်ငံတွင် အရှေ့တောင်အာရှဆိုင်ရာ သတင်းမီဒီယာ ကောင်စီများ၏ Dili Dialogue Forum(DDF) ကျင်းပ

          တီမောလက်စ်တေနိုင်ငံနှင့်  အရှေ့တောင်အာရှမှ ရင်ဆိုင်ကြုံတွေ့နေရသော သတင်းမီဒီယာအခက်အခဲများဖိုရမ်(Media Challenges in Timor-Leste and Southeast Asia) ကို  ၂၀၂၂ ခုနှစ်၊  သြဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင်ကျင်းပခဲ့ရာ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် တီမောလက်စ်တေနိုင်ငံတို့မှ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌများနှင့်အတူ   မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ တို့က တက်ရောက်ခဲ့ပါသည်။

          အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ဖြစ်စဉ်အမှန်များအား  ကိန်းဂဏန်းအချက်အလက်များဖြင့် တိတိကျကျ ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက ယခင်၎င်းတို့သိရှိထားခဲ့သော  သတင်းတု၊ သတင်းမှားများနှင့် လုံးဝကွဲပြားနေသဖြင့် အံ့အားသင့်ရသည်ကို သုံးသပ်ပြောဆိုခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၈-၂၀၂၂)

  • ဖိုရမ်တွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသောဖြစ်စဉ်အမှန်များအား ကိန်းဂဏန်းအချက်အလက်များဖြင့် တိတိကျကျ ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက ယခင်၎င်းတို့သိရှိထားခဲ့သော နိုင်ငံတကာသတင်းမီဒီယာများ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းတု၊ သတင်းမှားများနှင့် လုံးဝကွဲပြားနေသဖြင့် အံ့အားသင့်ရသည်ကို သုံးသပ်ပြောဆို ခဲ့။

Add new comment