ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများကို ကျင်းပခဲ့ရာ-

  • ဩဂုတ်လ ၂၃ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းရပ်ကွက်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးအားလည်းကောင်း၊
  • ဩဂုတ်လ ၂၈ ရက်တွင် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကြို့ပင်ကောက်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အားလည်းကောင်း ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကာ ၎င်းတို့၏အုပ်ထိန်းသူ၊ မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့ပါသည်။  

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့ အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားပြီးဖြစ်ရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်မှ ဩဂုတ်လ ၂၈ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၂၀၉ ဦးနှင့် အမျိုးသမီး ၅၄ ဦး စုစုပေါင်း ၂၆၃ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၈-၂၀၂၂)

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူ မော်လမြိုင်မြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် ကြို့ပင်ကောက်မြို့နယ်မှ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည့် PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ တို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ၊ မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
  •  ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ  ၂၈ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၂၀၉ ဦးနှင့် အမျိုးသမီး ၅၄ ဦး စုစုပေါင်း ၂၆၃ ဦး ရှိပြီဖြစ်။

Add new comment