နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Internatoinal Army Games - 2022 ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၇ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ Convention Center တွင် ကျင်းပပြုလုပ်သည့် Interna- toinal Army Games - 2022 ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ Alabino လေ့ကျင့်ရေးကွင်း၊ House of Friendship ရှိ ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာကြပြီး တင့်ကားမောင်းနှင်းပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division - 1) ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

          အဆိုပါ Internatoinal Army Games - 2022 ပြိုင်ပွဲကို နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရုရှားနိုင်ငံအပါအဝင် အိမ်ရှင်အဖြစ် နိုင်ငံပေါင်း ၁၂ နိုင်ငံ၌ ပြိုင်ပွဲများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့် တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲများအပြင် ဆက်စပ်ပြိုင်ပွဲများဖြစ်သည့် ရိုးရာယဉ်ကျေးမှုပြိုင်ပွဲ Army of Culture တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ-

  • မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့သည် Tank Biathlon (Tank Crews Competition) Division-2 ၌ စုစုပေါင်းပြိုင်ပွဲဝင်စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့်ရရှိခဲ့ပြီး စုစုပေါင်းပစ်မှတ် ၁၅ ခု တွင် ၁၄ ခုကို ထိမှန်ခဲ့ကာ ပြိုင်ပွဲဝင် ၁၁ သင်းယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့။
  • လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံ ၇ နိုင်ငံအနက် အဆင့် ၄ နေရာ၌လည်းကောင်း၊
  • ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲတွင် ဇွဲသတ္တိဆုနှင့် အသင်း ၁၆ သင်းအနက် အဆင့် ၄ နေရာ၌လည်းကောင်း၊
  • မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် တီးခတ်မှုပြိုင်ပွဲတွင် ပထမဆု၊ စုံတွဲအဆိုပြိုင်ပွဲ (ရုရှားသီချင်း) တွင် ပထမဆု၊ အကပြိုင်ပွဲတွင် တတိယဆု၊ တစ်ဦးချင်းအမျိုးသမီးအဆိုပြိုင်ပွဲတွင် ဒုတိယဆု၊ ရိုးရာယဉ်ကျေးမှုကို ထင်ဟပ်ပေါ်လွင်အောင် အကောင်းဆုံး တင်ဆက်ပြသမှုတွင် တတိယဆု၊ Folk National Instrument တတိယဆု၊ ရိုးရာယဉ်ကျေးမှုပြခန်းတတိယဆုတို့ကို ဆွတ်ခူးရရှိခဲ့သည့်အပြင် အွန်လိုင်းမှတစ်ဆင့် ပရိတ်သတ်များ၏ မဲပေးရွေးချယ်မှု (People's Choice Award) တွင်လည်း ပထမဆုကိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။

          မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်များအနေဖြင့် Internatoinal Army Games - 2022 ပြိုင်ပွဲများတွင် နိုင်ငံတကာစစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှုအတွေ့အကြုံများ၊ နည်းပညာဆိုင်ရာအတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၈-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ Alabino လေ့ကျင့်ရေးကွင်း၊ House of Friendship ရှိ ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာကြပြီး တင့်ကားမောင်းနှင်းပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division - 1) ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့။
  • မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့သည် Tank Biathlon (Tank Crews Competition) Division-2 စုစုပေါင်းပြိုင်ပွဲဝင်စံချိန် နာရီ ၃၆ မိနစ် ၂၅ စက္ကန့်ရရှိခဲ့ပြီး စုစုပေါင်းပစ်မှတ် ၁၅ ခုတွင် ၁၄ ခုကို ထိမှန်ခဲ့ကာ ပြိုင်ပွဲဝင် ၁၁ သင်း ယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့။
  • မြန်မာ့တပ်မတော်အနေဖြင့် လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံ နိုင်ငံအနက် အဆင့် နေရာ၌လည်းကောင်း၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲတွင် ဇွဲသတ္တိဆုနှင့် အသင်း ၁၆ သင်းအနက် အဆင့် နေရာ၌လည်းကောင်း ဆုများရရှိခဲ့။
  • မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် တီးခတ်မှုပြိုင်ပွဲတွင် ပထမဆု၊ စုံတွဲအဆိုပြိုင်ပွဲ (ရုရှားသီချင်း) တွင် ပထမဆု၊ အကပြိုင်ပွဲတွင် တတိယဆု၊ တစ်ဦးချင်းအမျိုးသမီးအဆိုပြိုင်ပွဲတွင် ဒုတိယဆု၊ ရိုးရာယဉ်ကျေးမှုကို ထင်ဟပ်ပေါ်လွင်အောင် အကောင်းဆုံး တင်ဆက်ပြသမှုတွင် တတိယဆု၊ Folk National Instrument တတိယဆု၊ ရိုးရာယဉ်ကျေးမှုပြခန်းတတိယဆုတို့ကိုဆွတ်ခူးရရှိခဲ့သည့်အပြင် အွန်လိုင်းမှတစ်ဆင့် ပရိတ်သတ်များ၏ မဲပေးရွေးချယ်မှု (People's Choice Award) တွင်လည်း ပထမဆုကိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့။

Add new comment