ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူးရုံး ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဩဂုတ်လ ၂၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Bangrak Medical Center Building ၌ ကျင်းပသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူးရုံး ဖွင့်ပွဲအခမ်းအနားသို့ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Lim Jock Hoi နှင့် ဖိတ်ကြားထားသော ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး H.E. Mr. Anutin Charnvirakul က အဖွင့်အမှာစကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ဒုတိယဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာကြသည့် အာဆီနိုင်ငံများက ကိုယ်စားလှယ်များက စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာကြသူများသည် ဖွင့်ပွဲအထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများဆိုင်ရာ အာဆီယံစင်တာအတွင်း ရေးမှူးရုံး၊ ASEAN Center for Public Health Emergency and Emerging Diseases (ACPHEED) ကို ဂျပန်နိုင်ငံအထောက်အပံ့ဖြင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ် ဆိုင်ရာအခြေအနေများကို တုံ့ပြန်ဆောင်ရွက် နိုင်ခြင်း၊ အာဆီယံနိုင်ငံများအတွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်း၊ သင်တန်းများဖွင့်လှစ်ပို့ချနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး H.E. Mr. Anutin Charnvirakul တို့တွေ့ဆုံပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၈-၂၀၂၂)

  • အာဆီယံနိုင်ငံများ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်ဆိုင်ရာအခြေအနေများကို တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း၊ အာဆီယံနိုင်ငံများအတွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်း၊ သင်တန်းများဖွင့်လှစ်ပို့ချနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်
  • ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးတို့သည် မြန်မာ-ထိုင်း နှစ်နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့။

Add new comment