ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားများ ကျင်းပပြုလုပ်

ဇန်နဝါရီလ ၂ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားများကို ကရင်တိုင်းရင်းသားအများ စုနေထိုင်ကြသော ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ကော့ကရိတ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မွန်ပြည်နယ်၊ သထုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နှင့် ပဲခူးတိုင်းဒေသကြီး မင်းလှမြို့တို့၌ ကျင်းပခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများ၊ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားများကို ဒေသအလိုက်ပြုလုပ်ခဲ့ရာတွင် ကျွဲချိုမှုတ်၍ ကရင်ရိုးရာဖားစည်တီးကာ အခမ်းအနားကို ဖွင့်လှစ်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်ထံမှ ပေးပို့သည့် နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် တိုင်း မှူးများက နုတ်ခွန်းဆက်စကားများပြောကြားခြင်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပေးပို့သည့် ကရင်အမျိုးသားနှစ်သစ်ကူးသဝဏ်လွှာအား ဖတ်ကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ နှင့် ကက်သလစ်ဘုန်းတော်ကြီးများကလည်း နှစ်သစ်ကူးနှုတ် ခွန်းဆက်စကားများ ပြောကြားခဲ့ပါသည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ကရင်လူမျိုးတို့၏ ရှေးခေတ်ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ကရင်ရိုးရာ ကောက်သစ်စားပွဲများ၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲ များကို ကျင်းပခဲ့ပြီး ကရင်တိုင်းရင်းသား လူငယ်မောင်ငယ်များက ဒုံးယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ပါသည်။ အခမ်းအနားတက်ရောက်လာကြသူများက ကရင်စာပေနှင့် ယဉ်ကျေးမှုပြခန်း၊ ကရင်တိုင်းရင်းသားရိုးရာပြခန်းတို့အား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

  • ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားများကို ကရင်တိုင်းရင်းသားအများစုနေထိုင်သော ကရင်ပြည်နယ်၊ ဘားအံ မြို့နှင့် ကော့ကရိတ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မွန်ပြည်နယ်၊ သထုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့တို့၌ ကျင်းပခဲ့။
  • ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားများကို ကျွဲချိုမှုတ်၍ ကရင်ရိုးရာဖားစည်တီးကာ အခမ်းအနားများကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားခဲ့။
  • ကရင်လူမျိုးတို့၏ ရှေးခေတ်ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ကရင်ရိုးရာကောက်သစ်စားပွဲများ၊ အားကစား ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ပြီး ကရင်တိုင်းရင်းသား လူငယ်မောင်ငယ်များက ဒုံးယိမ်းအကများဖြင့် သီဆို ကပြဖျော်ဖြေခဲ့။