နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)နှင့် အတနာမီကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တို့သို့ သွားရောက်၊သံရုံး၊စစ်သံရုံးမိသားစုဝင်များ၊ သင်တန်းသားများနှင့်တွေ့ဆုံ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဒေါက်တာဘဒ္ဒန္တအစ္ဆရိယ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညို၍ ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ မြန်မာသံရုံးသို့သွားရောက်၍ သံရုံး၊ စစ်သံရုံးမိသားစုဝင်များနှင့် သင်တန်းသားများအားတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး အတနာမီကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံ(ပုံတူ)စေတီတော်ကြီးအား ဖူးမြော်ကြည်ညိုကြကာ အတနာမီကမ္ဘာ့ယဉ်ကျေးမှုမြို့တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၈-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ(မော်စကို)နှင့် အတနာမီကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တို့သို့ သွားရောက်လေ့လာခဲ့သည့်အပြင် သံရုံး၊ စစ်သံရုံး မိသားစုဝင်များ၊ သင်တန်းသားများနှင့်လည်း တွေ့ဆုံခဲ့။

Add new comment