၁၆) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၆) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (16th ASEAN Navy Chiefs’ Meeting-16th ANCM) သို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် သဘာပတိဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Yudo Margono က (၁၆) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးအဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားကာ အာဆီယံရေတပ်ဦးစီးချုပ်များက “The Roles of ASEAN Navies in Add-ressing Maritime Challenges’’ (ပင်လယ်ရေကြောင်း စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အာဆီယံရေတပ်များ၏ အခန်းကဏ္ဍ) ခေါင်းစဉ်အား နိုင်ငံအလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ၂၀၂၃ ခုနှစ် အတွင်းပြုလုပ်မည့် ရေတပ်ဆိုင်ရာ ပူးပေါင်းလေ့ကျင့်ခန်းများ၊ အပြည်ပြည်ဆိုင်ရာ ပင်လယ် ရေကြောင်း ကာကွယ်ရေးပစ္စည်းပြပွဲနှင့် ရေတပ်အချင်းချင်း တွေ့ဆုံဆွေးနွေးရေး အစီအစဉ်များနှင့်ပတ်သက်၍ ဖိတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က-

  • ဒေသတွင်းပင်လယ်ရေကြောင်းစိန်ခေါ်မှုများကို စုပေါင်းဖြေရှင်းခြင်းဖြင့် လုံခြုံစိတ်ချတည်ငြိမ်သော ရေကြောင်းနယ်ပယ်တည်ဆောက်နိုင်မှုများ။
  • တပ်မတော်(ရေ)၏ စွမ်းဆောင်ရည်မြှင့်တင်မှုကို လေ့ကျင့်ရေးဖြင့် ဦးတည်ဆောင်ရွက်နေမှုများ။
  • အာဆီယံရေတပ်များကျင့်သုံးရမည့် Team Work ၏ အရေးပါမှုများ။
  • ရေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားကြရန်နှင့် ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာများကို ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်တို့ ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်၊ ဗီယက်နမ်ရေတပ်ဦးစီးချုပ်၊ ထိုင်းရေတပ်ဦးစီးချုပ်၊ ကမ္ဘောဒီးယားရေတပ်ဦးစီးချုပ်နှင့် လာအိုကြည်းတပ် ဒုတိယဦးစီးချုပ်တို့ကို သီးခြားစီတွေ့ဆုံခဲ့ပြီး ဩဂုတ်လ ၂၅ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၈-၂၀၂၂)

  • အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၆) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် အာဆီယံရေတပ်ဦးစီးချုပ်များက “The Roles of ASEAN Navies in Add-ressing Maritime Challenges’’ (ပင်လယ်ရေကြောင်း စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အာဆီယံရေတပ်များ၏ အခန်းကဏ္ဍ) ခေါင်းစဉ်အား နိုင်ငံအလိုက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် အာဆီယံရေတပ်များကျင့်သုံးရမည့် Team Work ၏ အရေးပါမှု၊ ရေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားကြရန်နှင့် ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာများကို ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်ဆွေးနွေးခဲ့။
  • ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်၊ ဗီယက်နမ်ရေတပ်ဦးစီးချုပ်၊ ထိုင်းရေတပ်ဦးစီးချုပ်၊ ကမ္ဘောဒီးယားရေတပ်ဦးစီးချုပ်နှင့် လာအိုကြည်းတပ် ဒုတိယဦးစီးချုပ်တို့ကို သီးခြားစီတွေ့ဆုံခဲ့။

Add new comment