ဩဂုတ်လ ၂၅ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၅/ ၂၀၂၂) ဖွင့်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး ( ရွာတော်) ဆင်ဖြူရှင် ခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက-
- သင်တန်းသားများအနေဖြင့် ကော်မရှင်၊ ရွေးကောက်ပွဲတို့နှင့်ပတ်သက်ပြီး သိရှိထားရန်လိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုသည်မှာ ရွေးကောက်ပွဲများကို တာဝန်ယူကြီးကြပ်ကျင်းပပေးရသည့် အဖွဲ့အစည်းဖြစ်ကြောင်း။
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ရမည့်တာဝန်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတွင် ပြဋ္ဌာန်းထားပြီး အဓိကအားဖြင့် တာဝန်(၃)မျိုး တွေ့ရမည်ဖြစ်ကာ ရွေးကောက်ပွဲများကို ကျင်းပပေးရန်၊ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက် စေရေးအတွက် ကြီးကြပ်ပေးရန်နှင့် ရွေးကောက်ပွဲကန့်ကွက်လွှာများကို ရွေးကောက်ပွဲခုံအဖွဲ့များဖွဲ့စည်းပြီး စစ်ဆေးရန်တို့ဖြစ်ကြောင်း။
- ရွေးကောက်ပွဲကျင်းပရာတွင် ကာလအားဖြင့် အပိုင်း ၃ ပိုင်း တွေ့ရှိမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမတိုင်ခင် (အကြို)ကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန် (နှောင်းပိုင်း)ကာလတို့ဖြစ်ကြောင်း။
- ကာလအပိုင်းအခြား တစ်ခုတိုင်းတွင် လုပ်ငန်းစဉ်များစွာရှိပြီး ရွေးကောက်ပွဲတစ်ခုနှင့်တစ်ခုကြား စက်ဝန်းတစ်ခုကဲ့သို့ စဉ်ဆက်မပြတ် ဆောင်ရွက်ရကြောင်း။
- ဒုတိယဦးစီးမှူးဆိုသည်မှာ ဦးစီးအရာရှိများအား အဓိကအထောက်အကူပြုရသောသူများ ဖြစ်သည့်အတွက် ကိုယ်တိုင်သိရှိကျွမ်းကျင်မှသာ အပြည့်အဝအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
- ရွေးကောက်ပွဲများနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်သည် အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ ကော်မရှင်၏လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက်များသည် ချွတ်ချော်မှုများဖြစ်ခဲ့ပါက ကော်မရှင်၏ သိက္ခာ၊ နိုင်ငံ၏သိက္ခာကို ထိခိုက်မှာဖြစ်ကြောင်း၊ ချွတ်ချော်မှားယွင်းမှု မရှိစေရန် မိမိဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်ပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်နေရန်လိုကြောင်း။
- ရွေးကောက်ပွဲကျင်းပသည့်အခါ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်ရမည့် တာဝန်များကိုသိရှိပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် အလေးအနက်ထားလေ့လာ သင်ယူကြရန် မှာကြားခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းကို ဩဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၅ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၈-၂၀၂၂)
- ရွေးကောက်ပွဲကျင်းပရာတွင် ကာလအားဖြင့် အပိုင်း ၃ ပိုင်း တွေ့ရှိမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမတိုင်ခင် (အကြို)ကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန် (နှောင်းပိုင်း)ကာလတို့ဖြစ်။
- ကာလအပိုင်းအခြား တစ်ခုတိုင်းတွင် လုပ်ငန်းစဉ်များစွာရှိပြီး ရွေးကောက်ပွဲတစ်ခုနှင့်တစ်ခုကြား စက်ဝန်းတစ်ခုကဲ့သို့ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ။
- ရွေးကောက်ပွဲကော်မရှင်သည် အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ ကော်မရှင်၏ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက်များသည် ချွတ်ချော်မှုများဖြစ်ခဲ့ပါက ကော်မရှင်၏ သိက္ခာ၊ နိုင်ငံ၏သိက္ခာကို ထိခိုက်မှာဖြစ်သဖြင့် ချွတ်ချော်မှားယွင်းမှု မရှိစေရန် မိမိ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်ပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်နေရန်လို။
Add new comment