အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) တွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် တပ်မတော်သားများ၏ မိသားစုဝင်များအား (ပဉ္စမအကြိမ်) နေအိမ်တိုက်ခန်းသော့၊ နေထိုင်ခွင့်ကတ်ပြားနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ပွဲကို ဩဂုတ်လ ၂၄ ရက်တွင် အဆိုပါ အိမ်ရာရှင်းလင်းဆောင်၌ ပြုလုပ်ခဲ့ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။
ပေးအပ်ပွဲတွင် တိုင်းမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် တပ်မတော်သားများ၏ မိသားစုဝင်များအား နေအိမ်တိုက်ခန်းသော့၊ နေထိုင်ခွင့်ကတ်ပြားများနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
အဆိုပါ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) စီမံကိန်းကို ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ အရာရှိကြီးနေအိမ်တိုက်ခန်း ၂၈ ခန်း၊ အရာရှိငယ်နေအိမ်တိုက်ခန်း ၉၆ ခန်း၊ အခြားအဆင့်နေအိမ်တိုက်ခန်း ၄၅၉ ခန်း၊ စုစုပေါင်း ၅၈၃ ခန်းကို နေထိုင်ခွင့် ရရှိသူများအား လွှဲပြောင်းနေရာချထားပြီးဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၈-၂၀၂၂)
- အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) တွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် တပ်မတော်သားများ၏ မိသားစုဝင်များအား နေအိမ်တိုက်ခန်းသော့၊ နေထိုင်ခွင့်ကတ်ပြားနှင့် စားသောက်ကုန် ပစ္စည်းများပေးအပ်ပွဲကို ဩဂုတ်လ ၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့။
- အဆိုပါ အိမ်ရာစီမံကိန်းကို ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ အရာရှိကြီးနေအိမ်တိုက်ခန်း ၂၈ ခန်း၊ အရာရှိငယ်နေအိမ်တိုက်ခန်း ၉၆ ခန်း၊ အခြားအဆင့်နေအိမ်တိုက်ခန်း ၄၅၉ ခန်း၊ စုစုပေါင်း ၅၈၃ ခန်းကို နေထိုင်ခွင့်ရရှိသူများအား လွှဲပြောင်း နေရာချထားပြီးဖြစ်။
Add new comment