သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး(၁/၂၀၂၂) ကျင်းပ

သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့အစည်းအဝေး (၁/၂၀၂၂) ကို ဩဂုတ်လ ၂၄ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာ သက်သက်ခိုင်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တတ်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေး၌-

  • သက်ဆိုင်ရာသဘာဝဘေးလုပ်ငန်းကော်မတီများ၊ ကဏ္ဍအလိုက်တာဝန်ယူထားသည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့ပါးစေရန်အတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိရာတွင် တပ်မတော်အနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်မှုများရှိကြောင်း။
  • သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ လျင်မြန်သော တုံ့ပြန်ဆောင်ရွက်မှုနှင့် အရေးပေါ်ကာလ ဆက်သွယ်ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များကို အဖွဲ့အစည်းအားလုံးက ပူးပေါင်းဆောင်ရွက်ကြရာတွင် အရပ်ဘက်-စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုမှာလည်း အထူးအရေးပါ ကြောင်း။
  • တပ်မတော်အနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီ (၄) ရပ် ဖွဲ့စည်းထားရှိကာ လုပ်ငန်းတာဝန်များလည်း သတ်မှတ်ထားကြောင်း။
  • ထို့ပြင် ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော ဘေးကျရောက်မှုများအပြင် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ဖြစ်သည့် ကိုဗစ်-၁၉ နှင့် စပ်လျဉ်း၍ အလျင်မြန်ဆုံးရောက်ရှိပြီး စွမ်းစွမ်းတမံ ကူညီဆောင်ရွက်လျက်ရှိကြောင်း။
  • ထိုသို့ဆောင်ရွက်မှုများတွင် တပ်မတော်၏ လူအင်အား၊ ယာဉ်ယန္တရားများ အသုံးပြုကူညီခြင်းအပြင် လိုအပ်မှုအရ ပြည်သူတို့အား စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများလည်း ထောက်ပံ့ပေးလျက်ရှိပြီး ဘေးသင့်ရာဒေသများတွင် အစိုးရဌာနဆိုင်ရာများအပြင် ဒေသခံလူမှုရေး အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

ယင်းနောက် လုပ်ငန်းအဖွဲ့ခေါင်းဆောင်နှင့် လုပ်ငန်းအဖွဲ့ဝင်များက ကိုယ်စားပြုတက်ရောက်သည့် လုပ်ငန်းကော်မတီအလိုက် တပ်မတော်နှင့် သဘာဝဘေးတုံ့ပြန်မှုလုပ်ငန်းအတွက် ညှိနှိုင်းပေါင်းစပ်ရာတွင် ရရှိထားသည့် ကောင်းမွန်သည့် အတွေ့အကြုံများ၊ ပိုမိုကောင်းမွန်စေရန် ဆောင်ရွက် နိုင်သည့်ကဏ္ဍများ၊ တပ်မတော်၏ သဘာဝဘေးစီမံခန့်ခွဲမှုစနစ်နှင့် ရယူနိုင်သည့်အကူအညီများ၊ ထိရောက်လျှင်မြန်စွာပူးပေါင်းဆောင်ရွက်နိုင်ရေး အားမြှင့်ဆောင်ရွက်နိုင်သည်များ၊ Standard Operation Procedure ပြုစုနိုင်ရေး စတင်ဆောင်ရွက်ရန်များ၊ နိုင်ငံတော်အဆင့် ဇာတ်တိုက် လေ့ကျင့်ခန်းတစ်ရပ်ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။     

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၈-၂၀၂၂)

  • သက်ဆိုင်ရာသဘာဝဘေးလုပ်ငန်းကော်မတီများ၊ ကဏ္ဍအလိုက်တာဝန်ယူထားသည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးစေရန်အတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိရာတွင် တပ်မတော်အနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်မှုများရှိကြောင်း။
  • သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ လျင်မြန်သော တုံ့ပြန်ဆောင်ရွက်မှုနှင့် အရေးပေါ်ကာလ ဆက်သွယ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို အဖွဲ့အစည်းအားလုံးက ပူးပေါင်းဆောင်ရွက်ကြရာတွင် အရပ်ဘက်-စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုမှာလည်း အထူးအရေးပါ ကြောင်း
  • တပ်မတော်အနေဖြင့် လူအင်အား၊ ယာဉ်ယန္တရားများ အသုံးပြုကူညီခြင်းအပြင် လိုအပ်မှုအရ ပြည်သူတို့အား စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများလည်း ထောက်ပံ့ပေးလျက်ရှိပြီး ဘေးသင့်ရာဒေသများတွင် အစိုးရဌာနဆိုင်ရာများအပြင် ဒေသခံလူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များဖြင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့။

Add new comment