၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲအခမ်းအနားကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်တွင် ကျင်းပသော ၂၀၂၂ ခုနှစ် (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံပညာရေးပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားနှင့် တတိယအကြိမ်မြောက် တရုတ်-အာဆီယံပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၂၄ ရက်တွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့်က လူသားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ရာ ဆရာအရည်အသွေး၊ ကျောင်းသားအရည်အသွေး၊ စီမံ/ဘဏ္ဍာဝန်ထမ်းအရည်အသွေးများ မြှင့်တင်နိုင်မည့် နည်းလမ်းများကိုလည်းကောင်း၊ တရုတ်-အာဆီယံပညာရေးပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ပြီး တရုတ်-အာဆီယံ ပညာရေးဝန်ကြီးများအကြား အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၈-၂၀၂၂)

  • တတိယအကြိမ်မြောက် တရုတ်-အာဆီယံပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ဒေါက်တာဇော်မြင့်က လူသားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့။

Add new comment