ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၂၂) အစည်းအဝေးကျင်းပ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ဩဂုတ်လ ၂၂ ရက်တွင် ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပခဲ့ရာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများသည် In-person ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများသည် online စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ တာဝန်ရှိသူများက ကလေးသူငယ်များဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ နိုင်ငံအတွင်းရှိ ပရဟိတဂေဟာများတွင် ကလေးသူငယ်များအား ထားရှိလက်ခံစောင့်ရှောက်မှုနှင့်ပတ်သက်သည့် အခြေအနေများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၁) ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်နှင့် ကလေးသူငယ်ကြီးကြပ်သူ အစီရင်ခံစာများ လိုက်ပါဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများမှ ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၂၃-၈-၂၀၂၂)

  • ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၂၂) အစည်း ဝေးကို ဩဂုတ်လ ၂၂ ရက်တွင် ကျင်းပခဲ့

  • တာဝန်ရှိသူများက ကလေးသူငယ်များဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ နိုင်ငံအတွင်းရှိ ပရဟိတဂေဟာများတွင် ကလေးသူငယ်များအားထားရှိ လက်ခံစောင့်ရှောက်မှုနှင့်ပတ်သက်သည့် အခြေအနေများ၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်နှင့် ကလေးသူငယ်ကြီး ကြပ်သူ အစီရင်ခံစာများ လိုက်ပါဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့

Add new comment