ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2022 ပြိုင်ပွဲတွင်ပါဝင်သော တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Tank Crews Competition) Division-2 ၌ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို ထိုက်တန်စွာရယူနိုင်ခဲ့ပါသည်။
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် Tank Biathlon (Tank Crews Compe- tition) Division-2 ၌ ဆီးဒီးယား၊ လာအို၊ အီရန်၊ တာဂျစ်ကစ္စတန်၊ တောင်အာဆက်တီးယား၊ အာခါ့ဇီယာ၊ ဆူဒန်၊ ဇင်ဘာဘွေ၊ အာမေးနီးယားနှင့် မာလီနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မမ အမြောက်အား ရပ်လျက် ကျည် ၃ တောင့်ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ်ပစ်စက်သေနတ်ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ ယှဉ်တွဲ စက်သေနတ်ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်းတို့အား ယှဉ်ပြိုင်ခဲ့ပါသည်။
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ Crew - 1 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၂၇ မိနစ် ၄၃ စက္ကန့်ဖြင့်လည်းကောင်း၊ Crew - 2 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၈ မိနစ် ၁၄ စက္ကန့်ဖြင့်လည်းကောင်း၊ Crew – 3 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၂၈ စက္ကန့်ဖြင့် လည်းကောင်း၊ စုစုပေါင်းပြိုင်ပွဲဝင်စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့်ရရှိခဲ့ပြီး စုစုပေါင်းပစ်မှတ် ၁၅ ခုတွင် ၁၄ ခုကို ထိမှန်ခဲ့ကာ ပြိုင်ပွဲဝင် ၁၁ သင်း ယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့ပါသည်။
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International Army Games ပြိုင်ပွဲ၏ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon ကို ၂၀၂၂ ခုနှစ်အပါအဝင် (၅) ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် ၁၆ ၊ ၂၀၁၉ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၁၁ သင်းအနက် အဆင့် ၅ ၊ ၂၀၂၀ ပြည့်နှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၈ သင်းအနက် အဆင့် ၄ ၊ ၂၀၂၁ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၈ သင်းအနက် တတိယအဆင့် စသဖြင့် အသီးသီးရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာစစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှုအတွေ့ အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာအတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အပြင် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ ( 3rd CISM World Cadet Games) တွင် မြန်မာ့တပ်မတော် ကိုယ်စားပြု ဗိုလ်လောင်းများက ပြိုင်ပွဲ အမျိုးအစား ၇ မျိုးရှိသည့်အနက် ၃ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၀ ရှိသည့်အနက် နိုင်ငံအလိုက် အဆင့် ၈ နေရာရရှိခဲ့ပါသည်။
မြန်မာ့တပ်မတော်အနေဖြင့် International Army Games - 2022 ပြိုင်ပွဲများ ဖြစ်သော ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ (Military Medical Relay Race (Medical Staff Competition)) ၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ ( Sinper Frontier) များတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ဆက်စပ် ပြိုင်ပွဲတစ်ရပ်ဖြစ်သော Army of Culture တွင်လည်း မြန်မာ့တပ်မတော်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအဖွဲ့များက ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၈-၂၀၂၂)
- International Army Games-2022 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Tank Crews Competition) Division-2 ၌ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို ထိုက်တန်စွာရယူနိုင်ခဲ့။
- မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် စုစုပေါင်းပြိုင်ပွဲဝင်စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့်ရရှိခဲ့ပြီး စုစုပေါင်းပစ်မှတ် ၁၅ ခုတွင် ၁၄ ခုကို ထိမှန်ခဲ့ကာ ပြိုင်ပွဲဝင် ၁၁ သင်း ယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့။
- တတိယအကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများအားကစားပြိုင်ပွဲ ( 3rd CISM World Cadet Games) တွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ဗိုလ်လောင်းများက ပြိုင်ပွဲအမျိုးအစား ၇ မျိုးရှိသည့်အနက် ၃ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၂၀ ရှိသည့်အနက် နိုင်ငံ အလိုက် အဆင့် ၈ နေရာရရှိခဲ့။
- မြန်မာ့တပ်မတော်အနေဖြင့် International Army Games - 2022 ပြိုင်ပွဲများဖြစ်သော ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ (Military Medical Relay Race (Medical Staff Competition)) ၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ ( Sinper Frontier) များတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သော Army of Culture တွင်လည်း မြန်မာ့တပ်မတော်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအဖွဲ့များက ပါဝင်ယှဉ်ပြိုင်လျက်ရှိ။
Add new comment